Phillippines

ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း ဆန်တင်သွင်းမှုမှ အခွန် ပီဆို ၃၄ ဘီလီယံ ကောက်ခံရရှိ

Last Updated:

ဖိလစ်ပိုင်အစိုးရသည် ၂၀၂၄ ခုနှစ်အတွင်း ဆန်တင်သွင်းမှုပမာဏ မြင့်တက်ခဲ့ခြင်းနှင့် ပီဆို ငွေကြေးတန်ဖိုးကျဆင်းခဲ့ခြင်းတို့ကြောင့် ဆန်တင်သွင်းမှုမှ  အခွန် ပီဆို ၃၄ ဘီလီယံအထိ  ကောက်ခံ ရရှိခဲ့ပါသည်။ ၂၀၂၃ ခုနှစ်တွင် ဆန်တင်သွင်းမှုမှ အခွန်ကောက်ခံရရှိမှု ပီဆို ၃၀  ဘီလီယံနီးပါး ရရှိခဲ့ရာ မှ ၂၀၂၄ ခုနှစ်တွင် ၁၃.၁၁% တိုးမြင့်ကောက်ခံရရှိခဲ့ခြင်း ဖြစ်ကြောင်း ဖိလစ်ပိုင်အကောက်ခွန်ဌာန၏ ကိန်းဂဏန်းအချက်အလက်များအရ သိရှိရပါသည်။

၂၀၂၃ ခုနှစ်တွင် ဆန်တင်သွင်းမှုပမာဏတန်ချိန် ၃.၅၆၁ သန်းမှ ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၄.၇၄ သန်းထိ တိုးမြှင့်တင်သွင်းခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ် ငွေကြေးလဲလှယ်နှုန်းမှာ အမေရိကန်တစ် ဒေါ်လာလျှင် ပီဆို ၅၇.၂၂ ရှိရာမှ ၂၀၂၄ ခုနှစ်တွင် ပီဆို ၅၅.၆၅ သို့ ၃% နီးပါးခန့်ကျဆင်းခဲ့ကြောင်း အကောက်ခွန်ဌာန၏ ကိန်းဂဏန်းများအရ သိရှိရပါသည်။

သို့ဖြစ်ပါ၍ အစိုးရမှ ဆန်တင်သွင်းမှုအပေါ် ကောက်ခံသည့် အခွန်နှုန်းထားအား လျှော့ချပေး ခဲ့ခြင်း စတင်အသက်ဝင်ခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှ စတင်၍ ဆန်တင်သွင်းမှုမြင့်တက်ခဲ့သော် ဆန်တင်သွင်းမှုအပေါ်အခွန်ကောက်ခံရရှိမှု လျော့ကျခဲ့ပါသည်။

၂၀၂၄ ခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံတွင် ရာသီဥတုဆိုးရွားခဲ့ခြင်းကြောင့် ပြည်တွင်းထုတ်လုပ်မှု ကျဆင်းခဲ့ပြီး ဆန်တင်သွင်းမှုတိုးမြှင့်ခဲ့ရပါကြောင်း၊ ထို့အတွက် အစိုးရမှလည်း ပြည်ပဈေးကွက်မှ ဆန် တင်သွင်းသည့် သွင်းကုန်လုပ်ငန်းရှင်များအပေါ် မက်လုံးပေးဆွဲဆောင်သည့်အနေဖြင့် ဆန်တင်သွင်းမှု အပေါ်ကောက်ခံသည့် အတိုးနှုန်းများလျှော့ချပေးခဲ့ပါသည်။ အစိုးရ၏အဓိကရည်ရွယ်ချက်မှာ ပြည် တွင်းဆန်ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရန်၊ တရားမဝင်တင်သွင်းမှုများအား လျော့နည်းစေရန်အတွက် ဖြစ်ပြီး သို့မှသာ ပိုမိုမှန်ကန်တိကျသည့် ဆန်တင်သွင်းမှုပမာဏအား သိရှိနိုင်မည်ဖြစ်သည်။

အစိုးရမှဆောင်ရွက်နေသည့် Rice Competitves Enhancement Fund-RCEF အရ နှစ်စဉ် ဆန်တင်သွင်းမှုမှ ကောက်ခံရရှိသည့်အခွန်ငွေများမှ ပီဆို ဘီလီယံ ၁၀ ဘီလီယံအား ပြည်တွင်း ဆန် တောင်သူများနှင့် ဆန်လုပ်ငန်းကဏ္ဍအတွက် အသုံးပြုရန် ခွဲဝေပေးခဲ့ရာမှ ယခုဆိုလျှင် ပီဆို ၃၀ ဘီလီ ယံအား ၂၀၂၅ မှစတင်၍ ၂၀၃၁ ခုနှစ်ထိ တိုးမြှင့်ခွဲဝေပေးရေး ပြင်ဆင်သတ်မှတ်ပေးရန် စိုက်ပျိုးရေး ဝန်ကြီးဌာနမှ တောင်းဆိုခဲ့ပါသည်။ သို့သော် ဘတ်ဂျက်စီမံခန့်ခွဲရေးဌာနမှ ၂၀၂၅ ခုနှစ်တွင် ပီဆို ၁၀ ဘီလီယံသာ ခွဲဝေချထားပေးခဲ့ပါကြောင်းနှင့် ကျန်ရှိသည့် ပီဆို ၂၀ ဘီလီယံအား အခြားသော ရရှိထား သည့်အစိုးရ၏ ဝင်ငွေများထဲမှ ပိုလျှံသည့်ပမာဏထဲမှသော်လည်းကောင်း၊ အသုံးမပြုဖြစ်သည့် ရန်ပုံ ငွေများထဲမှ သော်လည်းကောင်း ခွဲဝေသုံးစွဲခွင့်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

 

(စီးပွားရေးသံမှူး၊ မနီလာမြို့)

         

         

         

Category: Phillippines