Thailand

ထိုင်းနိုင်ငံ၌ တစ်ပိုင်းလျှပ်ကူးပစ္စည်းစက်မှုလုပ်ငန်း တိုးတက်ရန်အတွက် နိုင်ငံခြားရင်းနှီးသူများ အတွက် ရင်းနှီးမြှုပ်နှံမှုခံစားခွင့်များကို ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (Board of Investment-BoI) က ထောက်ခံပေးလျက်ရှိ

Last Updated:

တစ်ပိုင်းလျှပ်ကူးပစ္စည်းစက်ရုံတွင် အသုံးပြုသော ပစ္စည်းများနှင့် စက်ယန္တရားအစိတ်အပိုင်း များကို ထုတ်လုပ်ရန် ထိုင်းနိုင်ငံ၌ ဘတ် ၁၀.၅ ဘီလီယံ ရင်းနှီးမြှုပ်နှံလျက်ရှိသည့် UNIQUE Integrated Technology အား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ခံစားခွင့်များကို ထောက်ခံပေးခြင်းဖြင့် ထိုင်းနိုင်ငံ၌ တစ်ပိုင်း လျှပ်ကူးပစ္စည်းစက်မှုလုပ်ငန်းတိုးတက်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

UNIQUE Integrated Technology သည် Foxconn ဟု လူသိများသော တိုင်ပေအခြေစိုက် Hon Hai Group ၏ အစိတ်အပိုင်းဖြစ်သော Foxsemicon Integrated Technology Inc ၏ ရုံးခွဲတစ်ခုဖြစ် ကြောင်း၊ ယခု ရင်းနှီးမြှုပ်နှံမှုသည် ကမ္ဘာ့တစ်ပိုင်းလျှပ်ကူးပစ္စည်း Wafer fabrication ထိပ်တန်း ထုတ် လုပ်သူ တစ်ဦးဖြစ်သည့် Foxconn ၏ အရေးပါသော ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါကြောင်း၊ တစ်ပိုင်းလျှပ် ကူးပစ္စည်း Wafer fabricationon သည် ဆီလီကွန် Wafer ကို စမတ်ဖုန်းအပါအဝင် အီလက် ထရောနစ်  ပစ္စည်းများတွင် အသုံးပြုသော Integrated Circuits သို့ ပြောင်းလဲပေးပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဝင် ရောက်လာချိန်သည် ထိုင်းနိုင်ငံ၏ နိုင်ငံအဆင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းမဟာဗျူဟာ မူကြမ်းရေးဆွဲနေ ချိန်ဖြစ်၍ အချိန်ကောင်းဖြစ်ပါကြောင်း ဘုတ်အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Mr. Narit Therdst-eerasukdi က ပြောကြားခဲ့ပါသည်။

အသစ်ဖွဲ့စည်းခဲ့သည့် နိုင်ငံအဆင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် အဆင့်မြင့်အီလက်ထရောနစ် မူဝါဒ ကော်မတီ သို့မဟုတ် တစ်ပိုင်းလျှပ်ကူးပစ္စည်းဘုတ်အဖွဲ့က ကဏ္ဍအတွင်း ဝင်ရောက်လာမည့် ရင်းနှီးမြှုပ်နှံမှုများအတွက် ကြိုတင်ပြင်ဆင်ထားရန် အရည်အချင်းပြည့်မီသော လုပ်သားများ မွေးထုတ် ပေးရန် မူဘောင်တစ်ခုကို အတည်ပြုခဲ့ပါကြောင်း၊ ကုမ္ပဏီ၏ ထုတ်လုပ်မှုစက်ရုံများသည် ချွန်ပူရိနှင့် ရယောင်းရှိ Amata City စက်မှုဇုန်များတွင် တည်ရှိမည်ဖြစ်ကြောင်း၊ ကုမ္ပဏီမှ တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ရာတွင် အရေးပါသော အစိတ်အပိုင်းများဖြစ်သည့် Shields၊ Chambers၊ High-purity Valves နှင့် sub-assembly modules များကို ထုတ်လုပ်သွားမည်ဖြစ်ကြောင်း၊ ထိုင်းလုပ်သား ၁,၄၀၀ ဦးကျော် အလုပ်ခန့်အပ်သွားမည်ဖြစ်ပြီး ကုန်ကြမ်း၏ လေးပုံတစ်ပုံကို ပြည်တွင်းထုတ်များမှ သုံးစွဲသွား မည်ဖြစ်ကြောင်း၊ နှစ်စဉ် ပို့ကုန်တန်ဖိုးကို ဘတ် ၆ ဘီလီယံကျော် မှန်းထားကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ် ပထမ ၉ လအတွင်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလျှောက်လွှာသည် ဘတ် ၇၂၃ ဘီလီယံဖြင့် ၄၂ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများတွင် လျှပ်စစ်လူသုံးကုန် ပစ္စည်း များနှင့် အချက်အလက်စင်တာစီမံကိန်းများဖြစ်ကြောင်း ဘုတ်အဖွဲ့က ထုတ်ပြန်ထားချက်အရ သိရှိရပါ သည်။

 

Source: www.bangkokpost.com

စီးပွားရေးသံမှူး၊ ဗန်ကောက်

Category: Thailand