စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့က စင်ကာပူအစိမ်းရောင်အစီအစဉ် ၂၀၃၀ (Singapore Green Plan 2030) နှင့် ရေရှည်တည်တံ့သည့် ခရီးသွားလုပ်ငန်းကို အားပေးမြှင့်တင်နိုင်ရေး အတွက် ကမ္ဘာ့ရေရှည်တည်တံ့သည့် ခရီးသွားကောင်စီဆွဲဆောင်မှုသတ်မှတ်ချက်များ (Global Sustainable Tourism Council Attraction Criteria) နှင့် MICE Venue Sustainability Playbook တို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ Global Sustainable Tourism Council Attraction Criteria သည် ခရီးသွားလုပ်ငန်းဆိုင်ရာဆွဲဆောင်မှုအတွက် စံသတ်မှတ်ချက်ဖြစ်ပြီး MICE Venue Sustainability Playbook သည် MICE လုပ်ငန်းနယ်ပယ်တွင် ပတ်ဝန်းကျင် ထိန်းသိမ်းမှုကို မြှင့်တင်ရန် လမ်းညွှန်ချက်ဖြစ်ပါသည်။ ယင်းလုပ်ငန်းစဉ် ၂ ခုကို GSTC ကမ္ဘာ့ရေရှည်တည်တံ့သည့် ခရီးသွားလုပ်ငန်းညီလာခံ (GSTC Global Sustainable Tourism Conference) တွင် ကုန်သွယ်မှု၊ စက်မှုနှင့်ယဉ်ကျေးမှုဝန်ကြီး Mr. Alvin Tan က ကြေညာခဲ့ခြင်း ဖြစ်ပါသည်။ “အဆိုပါလုပ်ငန်းစဉ် ၂ ခုသည် စင်ကာပူနိုင်ငံကို ရေရှည်တည်တံ့သည့် မြို့ပြနှင့် ရေရှည်တည်တံ့မှုနှင့်စပ်လျဉ်း၍ စင်ကာပူနိုင်ငံ၏ ကတိကဝတ်ကို ဖော်ပြနိုင်ရေးတို့အတွက် အဓိကလုပ်ငန်းစဉ်များဖြစ်ပြီး ခရီးသွားလုပ်ငန်းကဏ္ဍကို မြှင့်တင်နိုင်ရုံသာမက ယင်းကဏ္ဍတွင် ကမ္ဘာလုံးဆိုင်ရာရေရှည်တည်တံ့မှုကို ဖြစ်စေမည်ဖြစ်ကြောင်း” စင်ကာပူခရီးသွား လုပ်ငန်းဘုတ် အဖွဲ့၏ Chief Sustainability Officer ဖြစ်သူ Ms. Ong Huey Hong က ပြောကြားခဲ့ပါသည်။
Global Sustainable Tourism Council Attraction Criteria သည် ခရီးသွားလုပ်ငန်းတွင် ရေရှည် တည်တံ့ရေးအတွက် ကမ္ဘာ့စံနှုန်းများဖြစ်ပြီး ခရီးသွားလုပ်ငန်းကဏ္ဍတွင် ဆွဲဆောင်မှုများအတွက် ကမ္ဘာ့စံနှုန်းဖြစ်စေရန်နှင့် ရေရှည်တည်တံ့သည့် အလေ့အကျင့်များကို နားလည်စေရန် ရည်ရွယ်ပါ သည်။ စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများ၊ အစိုးရအေဂျင်စီများ၏ ခရီးသွားလုပ်ငန်းနှင့် စပ်လျဉ်း၍ တိုင်းတာမှုများ၊ အကဲဖြတ်မှုများအတွက် မူဝါဒများ ချမှတ်ခြင်း၊ အသိပညာပေးခြင်း တို့အတွက် အသုံးပြုနိုင်ပြီး အသိအမှတ်ပြုခြင်းဆိုင်ရာကိစ္စရပ်များအတွက် အခြေခံအဖြစ် အသုံးပြု နိုင်မည်ဖြစ်ပါသည်။
MICE Venue Sustainability Playbook သည် MICE venue များအတွက် ကာဗွန် ထုတ်လွှတ်မှုများတွင် စီမံခန့်ခွဲနိုင်ရန်ဖြစ်ပါသည်။ MICE venue များ စွမ်းအင်ကို ထိရောက်စွာ သုံးစွဲနိုင်မှု၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုတို့ကို မြှင့်တင်နိုင်ရန်၊ MICE venue များ၏ ရေရှည် တည်တံ့မှုဆိုင်ရာရည်မှန်းချက်များနှင့်ကိုက်ညီသည့် ရေကို အကျိုးရှိရှိသုံးစွဲနိုင်ရန် စသည်တို့ အတွက် လက်တွေ့ကျသည့် အကြံပြုချက်များပေးနိုင်ရန် ပြုစုထားခြင်းဖြစ်ပါသည်။
ခရီးသွားလုပ်ငန်းနှင့် MICE လုပ်ငန်းကဏ္ဍတို့နှင့် ကမ္ဘာ့လှည့်ခရီးသည်များ၊ နိုင်ငံတကာမှ ပြပွဲဝန်ဆောင်မှုလုပ်ငန်းများ၏ ဦးစားပေးရွေးချယ်ရာနိုင်ငံ၊ အဆိုပါလုပ်ငန်းကဏ္ဍများတွင် ဦးဆောင် နိုင်ငံဖြစ်စေရန် စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်မှုတစ်ခုဖြစ်ပါ ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
ရင်းမြစ်။ Singapore Tourism Board
စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့