China (HongKong)

ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီနှင့် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက် အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားနိုင်ရန် ဟောင်ကောင်ဒေသမျှော်လင့်

Last Updated:

ဟောင်ကောင်ဒေသနှင့် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ(GCC) တို့အကြား လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လိုကြောင်း ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မြို့တွင် ရောက်ရှိနေသည့် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၊ ဘဏ္ဍာရေးဝန်ကြီး မစ္စတာ Paul Chan က ပြောကြားခဲ့ကြောင်း “FS hopes to expedite HK-GCC free trade agreement” ခေါင်းစဉ် ဖြင့် ဟောင်ကောင်ဒေသအစိုးရ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ဘဏ္ဍာရေးဝန်ကြီးသည် GCC အထွေထွေအတွင်းရေးမှူးချုပ် Jasem Mohamed Albudaiwi နှင့် တွေ့ဆုံပြီး နှစ်ဘက်အကြား ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေ ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း၌ ဟောင်ကောင်ဒေသ၌ ကျင်းပခဲ့သည် အာရှဘဏ္ဍာရေး ဆိုင်ရာဖိုရမ်တွင် "Gulf Cooperation Council Chapter" ခေါင်းစဉ်ဖြင့် ဆွေးနွေး ပွဲကျင်းပနိုင်ခဲ့ ခြင်းသည် နှစ်ဖက်အကြား ဘဏ္ဍာရေးဝန်ဆောင်မှု ပူးပေါင်းဆောင်ရွက်ခြင်းများ ပိုမိုခိုင်မာစေရေး အတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသအစိုးရ အနေဖြင့် ဒစ်ဂျစ်တယ်စီးပွားရေး၊ စတော့ရှယ်ယာဈေးကွက်၊ green transformation၊ Islamic finance နှင့် အာရပ်နိုင်ငံများနှင့် asset and wealth management များတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင် နိုင်ရေးအတွက် စီးပွားရေးကိုယ်စားလှယ်များ အပြန်အလှန်သွားရောက်မှုအတွက် အဆင်ပြေစေ ရေးအတွက် လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ထို့ပြင် ဥရောပ၊ အမေရိက၊ အရှေ့အလယ်ပိုင်းနှင့် ဂျပန်နိုင်ငံတို့မှ ဘဏ္ဍာရေးနှင့် စီးပွားရေး ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံ၍ ၂၀၂၄ ခုနှစ်အတွင်း ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေး ဈေးကွက် တိုးတက်မှုနှင့် စီးပွားရေးနှင့် အရည်အချင်းရှိသူများအား ဆွဲဆောင်နိုင်ခြင်းအပါအဝင် ဟောင်ကောင်ဒေသ၏ လတ်တလော စီးပွားရေးနှင့် လူမှုရေးရာ ဖွံ့ဖြိုးတိုးတက်မှုများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။

စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့။

Category: China (HongKong)