Phillippines

ယူအေအီး-ဖိလစ်ပိုင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု

Last Updated:

ယူအေအီးနိုင်ငံတွင် နိုင်ငံသားအမျိုးမျိုး  ၂၀၀ ကျော် နေထိုင်လျက်ရှိပြီး ဖိလစ်ပိုင် နိုင်ငံသား ၇၀၀,၀၀၀ နီးပါးခန့် ရှိပါကြောင်း၊   သမ္မတမားကို့စ် ယူအေအီးနိုင်ငံသို့ ယခုသတင်းပတ်အတွင်း လာ ရောက်လည်ပတ်ခဲ့ခြင်းသည် နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုအပေါ် ပိုမိုခိုင်မာအားကောင်းစေလာ နိုင်ကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များတွေ့ဆုံဆွေးနွေးရာတွင်လည်း နယ်ပယ်ကဏ္ဍစုံအသီးသီးတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များနှင့်အညီပူးပေါင်းဆောင်ရွက်သွားရန်တို့ပါဝင်ခဲ့ပါသည်။          

ယူအေအီးနိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသတွင်း နိုင်ငံများကြား စီးပွားရေးနှင့်ကုန်သွယ်ရေး ဆိုင်ရာ ဗဟိုချက်ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာ ရှိပါ ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံသည်လည်း ယူအေအီးနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံတစ်ခုဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂ ဘီလီယံထိ ရှိခဲ့ပြီး ဆက်လက်တိုးမြင့် လာနိုင်သည့် အနေအထားတစ်ခုတွင် ရှိပါသည်။

ဖိလစ်ပိုင်နိုင်ငံနှင့်ယူအေအီးနိုင်ငံကြား နယ်ပယ်အများအပြားတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာပေါင်း ၆ ခုအား လက်မှတ်ရေးထိုးထားခဲ့ပြီးဖြစ်ပါကြောင်း၊ Comprehensive Economic Partnership Agreement (CEPA) အရ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု တို့ကိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးကို အကောင်အထည်ဖော်လျက်ရှိပြီး ပြီးမြောက်အောင်မြင်မှုအရ ကုန်စည်နှင့်ဝန်ဆောင်မှုများဆိုင်ရာ ကုန်သွယ်မှုကို တိုးမြှင့်နိုင်သည့် Comprehensive Free Trade Agreement ကိုလည်း ယခုထက်တိုး၍ နက်နက်ရှိုင်းရှိုင်းပူးပေါင်းဆောင်ရွက်သွားလိုကြောင်းကိုလည်း ဖော်ပြထားပါသည်။

ထို့ပြင် ဖိလစ်ပိုင်စီးပွားရေးလုပ်ငန်းများအတွက် ကောင်းကျိုးများစွာရရှိနိုင်သည့် နှစ်ဖက်အပြန် အလှန်စီးပွားရေးစီးဆင်းမှုအရှိန်မြင့်တက်လာစေရန်နှင့် ကမ္ဘာ့ဈေးကွက်သို့ချိတ်ဆက်နိုင်စေရန်၊ စီးပွား ရေးအခွင့်အလမ်းအသစ်များပေါ်ထွက်လာစေရန်အတွက်လည်းအကောက်ခွန်နှုန်းထားများကိုလျှော့ချ ပေးခြင်းသည် အကျိုးဖြစ်ထွန်းစေနိုင်ပါသည်။

ယူအေအီးနိုင်ငံ၏ စီးပွားရေးရပ်ဝန်းသည် အာရပ်နိုင်ငံများကြားတွင် ပထမထိပ်တန်းနေရာတွင် ရပ်တည်နေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်လျက်ရှိပါကြောင်း၊ ထို့ပြင် ခေတ်မီဘဏ္ဍာရေး စနစ်များအသုံးပြုခြင်း၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဆုံချက်တစ်ခုဖြစ်နေပါကြောင်း၊ ရေနံထွက် ပစ္စည်းများရောင်းချခြင်း၏နောက်တွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေမည့် စီးပွားရေးဆိုင်ရာ မဟာ ဗျူဟာများကိုလည်း ရေးဆွဲထားပါကြောင်း၊ တီထွင်ဆန်းသစ်မှုများ၊ ခေတ်မီနည်းပညာများအသုံးပြု၍ နိုင်ငံတကာအသိအမှတ်ပြု ငွေရေးကြေးရေးစင်တာများ တည်ဆောက်ထားနိုင်ခြင်းနှင့် business- friendly ဖြစ်စေရန် အဖက်ဖက်မှဝန်ဆောင်မှုပေးနိုင်ခြင်းတို့ကြောင့် ယူအေအီးနိုင်ငံသည် နိုင်ငံတကာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် အရေးပါသည့် နေရာတစ်ခုအဖြစ် ရပ်တည်နေကြောင်း ဖော်ပြပါရှိပါသည်။

 

 

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: Phillippines