Phillippines

ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာနမှ “Half-cup rice” ဥပဒေအား ပြန်လည်အသက်သွင်းရန် အဆိုပြု

Last Updated:

ဖိလစ်ပိုင်နိုင်ငံအတွင်းရှိ စားသောက်ဆိုင်များအပါအဝင် အစားအသောက်နှင့်သက်ဆိုင်သည့် ဝန်ဆောင်မှုပေးသည့်နေရာများအားလုံးတွင် ထမင်းအကြွင်းအကျန်များ ကျန်ရှိသည့်ပမာဏမြင့်တက် လာသဖြင့် half-cup rice မူဝါဒအား ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးမှ အမျိုးသားအဆင့်အနေဖြင့် ပြန် လည်အသက်သွင်းလိုကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာန၏ပြောရေးဆိုခွင့်ရှိသူ လက်ထောက်အတွင်းဝန် Arnel de Mesa မှ ၁-၁၂-၂၀၂၄ ရက်နေ့က မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့ပါသည်။

စားသောက်ဆိုင်များ၊ ဟိုတယ်များ၊ အခြားအစားအစာများရောင်းချနေသည့် နေရာများ အနေ ဖြင့် Half-cup rice ပမာဏသတ်မှတ်ရောင်းချခြင်းကို မဖြစ်မနေ လိုက်နာဆောင်ရွက်ရန်မလိုဘဲ ရွေးချယ်ခွင့်ရှိသည့်အခြေအနေ (optional) တစ်ခုအနေဖြင့် လုပ်ဆောင်နိုင်သည်ဟု အဆိုပြုထားခြင်း သာဖြစ်ကြောင်းကိုလည်း ရှင်းလင်းပြောကြားခဲ့ပါသည်။ optional ဟုဆိုရာတွင် စားသောက်ဆိုင်များ အနေဖြင့် စားသုံးသူများကို မိမိတို့ဆိုင်သို့လာရောက်စားသုံးစဉ် one cup rice သို့မဟုတ် half-cup rice ဖြင့် ရွေးချယ်ခွင့်ပေးသွားရန်ဖြစ်ပါကြောင်း၊ အကယ်၍ ရွေးချယ်ခွင့်မရှိဘဲ စားသုံးသူအနေဖြင့် one cup rice မှာယူပြီး မကုန်ပါက အကြွင်းအကျန်ပမာသည် အလဟသဆုံးရှုံးသွားသည့် ပမာဏဖြစ် လာပါသည်။

ဖိလစ်ပိုင်နိုင်ငံတွင် နှစ်စဉ် ထမင်းအကြွင်းအကျန်ပမာဏ တန်ချိန် ၂၅၅,၀၀၀ တန်ခန့် ဆုံးရှုံး လျက်ရှိနေကြောင်း Philippine Rice Research Institute(PhilRice) မှ နိုဝင်ဘာလက ထုတ်ပြန်ခဲ့ သည့် ကိန်းဂဏန်းအချက်အလက်များအရ သိရှိရပါသည်။ အဆိုပါပမာဏသည် ဖိလစ်ပိုင်နိုင်ငံသား ၂.၇၉ သန်း ထိ စားသုံးနိုင်သည့် ပမာဏဖြစ်ကြောင်း ဖော်ပြထားပါသည်။ ထို့ပြင် ဖိလစ်ပိုင်နိုင်ငံသား ၁၄ ယောက်တွင် ၁ ယောက်နှုန်းသည် ဆန်ဖြူ (white rice) စားသုံးမှုများသဖြင့် ဆီးချိုရောဂါ ခံစား နေရကြောင်း ၂၀၂၁ ခုနှစ်က ထုတ်ပြန်သည့် International Diabetes Federation အစီရင်ခံစာတွင် ရေးသားဖော်ပြထားပါသည်။ သေဆုံးရခြင်းအကြောင်းအရင်းများထဲတွင် ဆီးချိုရောဂါကြောင့် သေဆုံး ရခြင်းသည် စတုတ္ထအဖြစ်အများဆုံးဖြစ်ကြောင်း ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့၏ ၂၀၂၃ ခုနှစ်၊ မှတ်တမ်းများအရ သိရှိရ

သမ္မတမားကို့စ်ကိုယ်တိုင်ပင်လျှင် national half-cup rice policy ကို အားပေးထောက်ခံသူ တစ်ယောက်ဖြစ်ကြောင်းကိုလည်း De Mesa မှ ပြောကြားခဲ့ပါကြောင်း၊ De Mesa မှ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအနေဖြင့်လည်း Anti-Rice Wastage Act ကို ၂၀၁၃ ခုနှစ်က အဆိုတင်သွင်းခဲ့ပြီး ဥပဒေတွင် စည်းကမ်းမလိုက်နာ ဖောက်ဖျက်ပါက ပီဆို ၂၀,၀၀၀ မှ ပီဆို ၁၀၀,၀၀၀ အထိ ဒဏ်ကြေး ပေးဆောင်စေရန် ပါရှိကြောင်း၊ သို့ရာတွင် အဆိုပါဥပဒေကြမ်းသည် လွှတ်တော်တွင် ခေတ္တရပ်ဆိုင်းခဲ့ ခြင်းဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

 

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

           

         

         

                             

         

         

         

Category: Phillippines