ဒီမိုကရက်တစ်ပါတီ အထက်လွှတ်တော်အမတ် Jeanne Shaheen နှင့် Brian Schatz တို့သည် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (U.S. Agency for International Development, USAID)မှ ဝန်ထမ်းများအား အလုပ်မှထုတ်ပယ်ခြင်း၊ နိုင်ငံခြား စာချုပ်များ၏ (၉၀) ရာခိုင်နှုန်းကျော်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာချုပ် (၆၀) ကျော်အား ဖျက်သိမ်းခြင်းအပေါ် စိုးရိမ်မှုကြောင်း နိုင်ငံခြားရေးဝန်ကြီး Marco Rubio ထံသို့ ၂၇-၂-၂၀၂၅ ရက်တွင် စာရေးသားပေးပို့ဖိအားပေးခဲ့ကြ ကြောင်းသိရှိရပါသည်။ နိုင်ငံခြားရေးဝန်ကြီး၏ USAID နှင့်ပတ်သက်၍ ဆောင်ရွက်ချက်များသည် ဥပဒေနှင့်ဆန့်ကျင်ပြီး ဘဏ္ဍာငွေကုန်ကျစရိတ်များပြား၍ ထိရောက်မှုမရှိသကဲ့သို့ အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ထိခိုက်နိုင်ကြောင်း၊ USAID ၏ ရန်ပုံငွေထောက်ပံ့မှု ပိတ်ဆို့ခြင်းသည် စားနပ် ရိက္ခာဖြန့်ဝေခြင်း၊ ရွှေ့ပြောင်းသွားလာမှုကိုတားဆီးခြင်းနှင့် ကမ္ဘာတစ်ဝှမ်းတရုတ်၏ လွှမ်းမိုးမှုကို တုံ့ပြန်ခြင်းစသည့် USAID ၏ကြိုးပမ်းမှုများကိုရပ်တန့်စေပြီး နိုင်ငံခြားရေးဝန်ကြီး Marco Rubio သည် ယင်းကဲ့သို့သော မှားယွင်းသည့်လုပ်ဆောင်ချက်များတွင် ပါဝင်ပတ်သက်နေကြောင်း၊ ဥပဒေနှင့်မညီ ခြင်း၊ ဆက်သွယ်ဆောင်ရွက်မှုနှင့် ပွင့်လင်းမြင်သာမှုမရှိခြင်းစသည့်ဆောင်ရွက်များသည် နိုင်ငံခြားရေး ဝန်ကြီးအဖြစ်၎င်းအားခန့်အပ်နိုင်ရေး လွှတ်တော်၌စုံစမ်းမေးမြန်းစဉ် ထုတ်ဖော်ပြောဆိုခဲ့သည်များကို ကိုယ်စားပြုမှုမရှိသည်ကိုတွေ့ရှိရကြောင်း အမတ်များကရေးသားခဲ့ကြပါသည်။ ဆူဒန်နိုင်ငံရှိ လူသား ချင်းစာနာမှုအကူအညီအကျပ်အတည်းနှင့် ယူကရိန်းစစ်ပွဲတို့ကဲ့သို့သော အရေးပါသည့် နိုင်ငံခြားရေး မူဝါဒကိစ္စရပ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာလွှတ်တော်ကော်မတီများ၌လည်း နိုင်ငံခြားရေးဝန်ကြီး က ပုံမှန်ရှင်းလင်းဆွေးနွေးမှု မပြုလုပ်သေးကြောင်း၊ USAID ၏ အစီအစဉ်များ ရပ်ဆိုင်းခြင်းသည် ကမ္ဘာတစ်ဝှမ်းရှိ အစိုးရနှင့် အစိုးရမဟုတ်သည့် အမေရိကန်နိုင်ငံ၏ မိတ်ဖက်များအပေါ် သက်ရောက်မှု သည် ပို၍အရေးပါသည့်အချက် တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် လွှတ်တော် အမတ်နှစ်ဦးက နိုင်ငံခြား ရေးဝန်ကြီး Marco Rubio အား ၎င်းတို့၏စာကို ပြန်ကြားစေလိုပြီး USAID ၏ အပြောင်းအလဲသည် အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးအပေါ် သက်ရောက်မှုနှင့်ပတ်သက်၍ ၎င်းတို့ပါဝင်သည့် ကော်မတီများ၌ လာရောက်ဖြေကြားပေးစေလိုကြောင်းနှင့် လွှတ်တော်အမတ် Jeanne Shaheen သည် အထက်လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မတီ (Foreign Relations Committee) ၏ အကြီးတန်းကော်မတီဝင် (Ranking Member) တစ်ဦးဖြစ်ပြီး လွှတ်တော်အမတ် Brian Schatz သည် Appropriations Subcommittee on State ၏ Ranking Member ဖြစ်ပါသည်။
စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။