Russia

ရုရှားအစိုးရက ဓာတ်ဆီတင်ပို့မှုတားမြစ်ချက်ကို ရုပ်သိမ်း

Last Updated:

ရုရှားအစိုးရသည် ဓာတ်ဆီတင်ပို့မှု တားမြစ်ချက်ကို ရုတ်သိမ်းလိုက်သော်လည်း အခြားတင်ပို့သူများအတွက်မှာမူ ဆက်လက်ကျင့်သုံးမည်ဟု အစိုးရသတင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

အစိုးရသည် ဓာတ်ဆီတင်ပို့မှု ယာယီတားမြစ်ချက်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ သက်တမ်းတိုးခဲ့သော်လည်း အဆိုပါတားမြစ်ချက်သည် ရေနံထွက်ပစ္စည်း တိုက်ရိုက်ထုတ်လုပ်သူများ၏ တင်ပို့မှုများကို သက်ရောက်မည်မဟုတ်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားခြင်း ဖြစ်သည်။

အဆိုပါဆုံးဖြတ်ချက်သည် ပြည်တွင်းဈေးကွက်တွင် တည်ငြိမ်သော အခြေအနေကို ထိန်းသိမ်းရန်နှင့် ရေနံချက်လုပ်ငန်းကို ပံ့ပိုးပေးရန် ရည်ရွယ်ကြောင်း ဖော်ပြထားသည်။

ရုရှားနိုင်ငံတွင် ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)အဖွဲ့ဝင် နိုင်ငံများမှလွဲ၍ အခြား နိုင်ငံများသို့ ဓာတ်ဆီတင်ပို့မှုတားမြစ်ချက်ကို ပြည်တွင်းဈေးကွက် တည်ငြိမ်စေရန် ၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်မှ စတင်ကျင့်သုံးခဲ့သည်။ ယင်းတားမြစ်ချက်ကို မေလကုန်တွင် ရုပ်သိမ်းခဲ့သော်လည်း သြဂုတ်လတွင် ပြန်လည်စတင်ခဲ့ပြီး ဒီဇင်ဘာလ ၃၁ ရက်အထိ သက်တမ်းရှိခဲ့သည်။ ယခုအခါ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ သက်တမ်းတိုးခဲ့ သော်လည်း ရေနံချက်လုပ်ငန်း ထုတ်လုပ်သူများ၏ တင်ပို့မှုကို ခွင့်ပြုပေးခဲ့သည်။

ရုရှားအစိုးရသည် ပြည်တွင်းဈေးကွက်တည်ငြိမ်စေရန် ဓာတ်ဆီတင်ပို့မှုတားမြစ်ချက် ကို လိုအပ်သလို ကန့်သတ်လျက်ရှိပြီး ဒီဇယ်ဆီတင်ပို့မှုကို တားမြစ်ထားခြင်း မရှိကြောင်း သိရသည်။

 

Source :       https://ria.ru/20241130/eksport-1986609406.html

(စီးပွားရေးသံမှူး၊ မော်စကိုမြို့)

 

 

 

 

 

 

Category: Russia