Thailand

ထိုင်းနိုင်ငံ၏ ဆန်အဟောင်းများ ရောင်းချမည့် ကိစ္စရပ်နှင့်စပ်လျဉ်း၍ အာဖရိကန်သံတမန်များနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့အကြား တွေ့ဆုံသွားရန်ရှိ

Last Updated:

ယင်လတ်အစိုးရလက်ထက်က rice-pledging နည်းလမ်းအရ သိုလှောင်ထားသော မေးခွန်း ထုတ်စရာဖြစ်နေသည့် ဆန် တန်ချိန် ၁၅,၀၀၀ ကို အာဖရိကနိုင်ငံများသို့ရောင်းချရန် ထိုင်းနိုင်ငံအနေ ဖြင့် စီစဉ်နေကြောင်း အစီရင်ခံစာနှင့်စပ်လျဉ်း၍ အာဖရိကနိုင်ငံများမှ သံတမန်များနှင့် ထိုင်းနိုင်ငံ နိုင်ငံ ခြားရေးဝန်ကြီးဌာနသို့ တွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

ဆန်များသည် ဓာတ်ခွဲစစ်ဆေးချက်အရ စားသုံးရန် စိတ်ချရသည်ဟု ပြောဆိုထားသော်လည်း ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Phumtham Wechayachai ၏ ဆန်အဟောင်းများအတွက် လေလံခေါ်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားချက်အပေါ် အငြင်းပွားဖွယ်ဖြစ်ပေါ်လျက်ရှိကြောင်း၊ အာဖရိကန်သံတမန်များမှ ထောက်ပြ လာမှုများကို သတိမူမိပါကြောင်း၊ မေးခွန်းများအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက အချက်အလက် များဖြင့် ရှင်းလင်းဖြေကြားသွားမည် ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများသို့ သင်္ဘောဖြင့်တင်ပို့မှုတွင် နိုင်ငံခြား ကုန်သွယ်မှုဦးစီးဌာန၏ စံနှုန်းများနှင့်ကိုက်ညီမှသာ တင်ပို့ခြင်းဖြစ်ပြီး ဆန်ပို့ကုန်နှင့်စပ်လျဉ်း၍ ဦးစီး ဌာနက တင်းတင်းကျပ်ကျပ် စစ်ဆေးခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ဝန်ကြီး Mr. Phumtham Wechayachai က ရှင်းလင်းပြောကြားပါသည်။

Public Warehouse Organization ၏ ဆန်ဟောင်း တန်ချိန် ၁၅,၀၀၀ အတွက် လေလံခေါ်ယူ ရန် ပြင်ဆင်နေခြင်းကြောင့် အာဖရိကန်သံတမန်များအနေဖြင့် စိုးရိမ်ပူပန်နေခြင်းဖြစ်ကြောင်း၊  ဆန်လေလံအတွက် လုပ်ငန်းညွှန်းတမ်းကို ၂၈-၅-၂၀၂၄ ရက်နေ့တွင် ကြေညာခဲ့ပြီး အလားအလာ ကောင်းသော လေလံဆွဲသူများကို ၃၀-၅-၂၀၂၄ ရက်နေ့တွင် အသေးစိတ်ကို ရှင်းလင်းသွားမည် ဖြစ် ကြောင်း၊ မေလ ၃၁ ရက်နေ့မှ ဇွန်လ ၇ ရက်နေ့အတွင်း သိုလှောင်ရုံများမှ ဆန်များကို လေလံဆွဲ သူများအား စစ်ဆေးခွင့်ပြုမည်ဖြစ်ပြီး အရည်အသွေး စစ်ဆေးရန်အတွက် လေလံပွဲတွင် ပါဝင်ရန် ဇွန် လ ၁၀ ရက်နေ့တွင် လျှောက်ထားနိုင်ပါကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand