Thailand

တောင်ကိုရီးယားနိုင်ငံ၏ GDP တွင် နိုင်ငံ၏ကြွေးမြီပါဝင်မှုအချိုး ထပ်မံမြင့်မားလာနိုင်သည် ဟု IMF ကခန့်မှန်း

Last Updated:

တောင်ကိုရီးယားနိုင်ငံ၏ GDP တွင် နိုင်ငံ၏ကြွေးမြီပါဝင်မှုအချိုးသည် စိုးရိမ်ဖွယ်အခြေအ နေ ရောက်ရှိလာနေချိန်တွင် နိုင်ငံ၏ဘဏ္ဍာရေး တည်ငြိမ်ခိုင်မာမှုအခြေအနေသည်လည်း ဆက် လက်ယိုယွင်းနေနိုင်သည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund- IMF) က ၂၀၂၃ ခုနှစ်၊ ဧပြီလအစောပိုင်းက ထုတ်ပြန်ထားသည့် ဘဏ္ဍာရေးစောင့်ကြည့် လေ့လာမှု ဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

IMF ၏ အထက်ဖော်ပြပါ အစီရင်ခံစာ၌ တောင်ကိုရီးယားနိုင်ငံ၏ GDP တွင် နိုင်ငံ၏ကြွေးမြီ ပါဝင်မှုအချိုးသည် ၂၀၂၂ ခုနှစ်ကုန်ပိုင်းက ၅၄.၃ ရာခိုင်နှုန်းရှိမည်ဟုခန့်မှန်းထားပါကြောင်း၊  ယင်း ပမာဏသည် IMF၏ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလက ထုတ်ပြန်ခဲ့သော အလားတူအစီရင်ခံစာပါ ခန့်မှန်းချက်ဖြစ်သည့် ၅၄.၁ ရာခိုင်နှုန်းထက် ၀.၂ ရာခိုင်နှုန်းမြင့်မားလာပါကြောင်း၊ (၆) လ ကာလ အတွင်း ၀.၂ ရာခိုင်နှုန်း မြင့်မားခြင်းသည် တောင်ကိုရီးယား၏ စီးပွားရေးအရွယ်အစား နှင့်ယှဉ်လျှင် အလွန်မြန်သောနှုန်းဖြစ်သည်ဟု စဉ်းစားကြောင်း IMF ၏ အစီရင်ခံစာ၌ ဖော်ပြထားပါသည်။

ကမ္ဘာ့နိုင်ငံများအနက် ခေတ်မီဖွံ့ဖြိုးပြီးသောနိုင်ငံ (၁၀) နိုင်ငံတို့၏ GDP တွင် ကြွေးမြီပါဝင် မှု အချိုးသည် ပျမ်းမျှအားဖြင့် ၅၂ ရာခိုင်နှုန်းသာ ရှိသဖြင့် တောင်ကိုရီးယားနိုင်ငံ၏ GDP တွင် ကြွေး မြီပါဝင်မှုအချိုးဖြစ်သည့် ၅၄.၃ ရာခိုင်နှုန်းထက်ပင် လျော့နည်းပါသည်။ ယင်းသို့ ဖွံ့ဖြိုးပြီးနိုင်ငံ (၁၀)

နိုင်ငံ၏ ပျမ်းမျှကြွေးမြီနှုန်းထားထက် တောင်ကိုရီးယားနိုင်ငံ၏ ကြွေးမြီမြင့်မားမှုသည် သမိုင်းတွင် ပထမဆုံးအကြိမ်ပင် ဖြစ်ပါကြောင်း၊  IMF ၏အစီရင်ခံစာအတွက်အသုံးပြုသောDatabase သည် ၂၀၂၃ ခုနှစ်၊ ဧပြီလထုတ် 2023 World Economic Outlook and Global Financial Stability Report အတွက် အသုံးပြုသော Database နှင့် အတူတူပင်ဖြစ်ပါကြောင်း၊ Global International Institutions ၏ တစ်နှစ်လျှင် နှစ်ကြိမ်ထုတ်ဝေသည့် အစီရင်ခံစာတွင်လည်း တောင်ကိုရီးယား   နိုင်ငံ၏ GDP တွင်  ကြွေးမြီပါဝင်မှုအချိုးသည် ၂၀၂၃ ခုနှစ်ကုန်ပိုင်းတွင်  ၅၅.၃ ရာခိုင်နှုန်းအထိ ရောက်ရှိနိုင်ပြီး ၂၀၂၄ ခုနှစ်တွင် ၅၅.၉ ရာခိုင်နှုန်း၊ ၂၀၂၅ ခုနှစ်တွင် ၅၆.၆ ရာခိုင်နှုန်း၊ ၂၀၂၇ ခုနှစ် တွင် ၅၇.၂ ရာခိုင်နှုန်းအထိ အသီးသီးရောက်ရှိမြင့်မားလာနိုင်သည်ဟု ခန့်မှန်းထားပါသည်။

ဈေးကွက်စောင့်ကြည့်သူများကမူ တောင်ကိုရီးယားနိုင်ငံ၏ GDP တွင် ကြွေးမြီပါဝင်မှုအချိုးကို မြင့်မားခန့်မှန်းလာကြခြင်းမှာ နိုင်ငံ၏စီးပွားရေးနှေးကွေးမည်ဟု IMFက ခန့်မှန်းထားသည့်အတွက် ဖြစ်သည်ဟုဆိုကြပါသည်။ ကမ္ဘာ့အဓိကငွေကြေးပိုင်ရှင်နိုင်ငံ (ဥပမာ- အမေရိကန်ပြည် ထောင်စု၊ အင်္ဂလန်နိုင်ငံ၊ ဂျပန်နိုင်ငံ စသည်တို့) အစိုးရများက ထုတ်ရောင်းသော ငွေချေးစာချုပ်ကို ဝယ်လိုအားမြင့်မားနေသည့်အတွက် ကမ္ဘာ့အဓိကငွေကြေးပိုင်ရှင်နိုင်ငံမဟုတ်သည့် တောင်ကိုရီးယားနိုင်ငံအနေဖြင့် ယင်းနိုင်ငံ၏ GDP တွင် ကြွေးမြီပါဝင်မှုအချိုးမြင့်မားနေမှုကို စိတ်ချရသည့် အနေ အထားပြန်လည်ရောက်ရှိအောင် အထူးဂရုစိုက်စီမံခန့်ခွဲဖြေရှင်းသင့်ကြောင်း ဈေးကွက်စောင့်ကြည့် သူများက တိုက်တွန်းထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Thailand