Russia

ရုရှားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အလုပ်သမားများ လိုအပ်နေကြောင်း ရုရှားသမ္မတ ပြောကြား

Last Updated:

ရုရှားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်သမားများ လိုအပ်နေပြီး အလုပ်သမားအင်အား မလုံလောက်မှုသည် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက အတားအဆီးတစ်ခုဖြစ်နေကြောင်း ရုရှားသမ္မတ ဗလာဒီမီယာပူတင် က ပြောကြားခဲ့သည်။

လက်ရှိတွင် နိုင်ငံသည် သမိုင်းကြောင်းအရ အနိမ့်ဆုံး အလုပ်လက်မဲ့နှုန်း ၂.၄ ရာခိုင်နှုန်းတွင်ရှိနေပြီး နိုင်ငံအတွင်း အလုပ်လက်မဲ့ဦးရေ မရှိသလောက်ဖြစ်နေကြောင်း၊ လုပ်သားအင်အားရှားပါးမှု ရှိနေပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်သားများ လိုအပ်နေကြောင်း၊ လုပ်သားအင်အားရှားပါးမှုသည် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ယနေ့တွင် အဓိကအတားအဆီးများထဲမှ တစ်ခုဖြစ်ကြောင်း သမ္မတက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရုရှားဖက်ဒရယ်စာရင်းအင်းဌာန(Rosstat)၏ အချက်အလက်များအရ နိုင်ငံတွင်း အလုပ်လက်မဲ့နှုန်းသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် သမိုင်းဝင်အနိမ့်ဆုံးအဆင့် ၂.၄ ရာခိုင်နှုန်းတွင် ရှိနေကြောင်း သိရသည်။ ယင်းကြောင့် ရုရှားသည် ဆောင်းဦးရာသီအစတွင် G20 နိုင်ငံ၌ အလုပ်လက်မဲ့အနည်းဆုံးနိုင်ငံဖြစ်လာခဲ့သည်။

လက်ရှိတွင် ရုရှားနိုင်ငံ၌ အလုပ်လက်မဲ့နှုန်းသည် အနိမ့်ဆုံးသို့ ရောက်ရှိနေပြီး ကုန်ထုတ်လုပ်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ စက်ရုံလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်း များတွင်  လုပ်သားအင်အားမလုံလောက်မှုကို ကြုံတွေ့နေရသဖြင့် အဆိုပါလုပ်ငန်းများတွင် လိုအပ်သောအလုပ်သမားများ ဖြည့်ဆည်းပေးနိုင်ရေး မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများနှင့် ဖော်ရွှေသောနိုင်ငံများမှ ရုရှားနိုင်ငံသို့ ခေါ်ယူခန့်အပ်နိုင်ရေး ရုရှား အလုပ်သမားအေဂျင်စီများမှတစ်ဆင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

Source :       https://ria.ru/20241107/putin-1982528888.html

(စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia