Events

(၂၀)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲစတုတ္ထနေ့တွင်မြန်မာနိုင်ငံမှ ဆက်လက်ပါဝင်ပြသလျက်ရှိခြင်း

Updated At: 2023-09-20 16:04:04

20-9-23

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် (၂၀) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ စတုတ္ထနေ့နှင့်နောက်ဆုံးနေ့အဖြစ်၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဆက်လက်ကျင်းပလျက်ရှိရာ မြန်မာကုန်စည်ပြခန်းဆောင်တွင် မြန်မာနိုင်ငံမှ ပြခန်းပေါင်း ၈၀ ဖြင့် ဆက်လက်ပါဝင်ပြသလျက်ရှိပါသည်။ မြန်မာကုန်စည်ပြခန်းများတွင် ဆန်၊ ပဲအမျိုးမျိုး၊  ပြောင်း၊ နှမ်း၊ ထောပတ်သီးစသည့် လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများ၊  လက်မှုအနုပညာပစ္စည်းများ၊ အဝတ်အထည်၊ စားသောက်ကုန်နှင့် မြန်မာ့ကျောက်မျက်လက်ဝတ်ရတနာပစ္စည်းများကို ခင်းကျင်းပြသရောင်းချလျက်ရှိပါသည်။ အဆိုပါကုန်စည်ပြပွဲ ၏  စတုတ္ထနေ့တွင်လည်း ယခင်နေ့များကဲ့သို့ မြန်မာကုန်စည်ပြခန်းများ၌ မြန်မာ့ထုတ်ကုန်ပစ္စည်းများကို စိတ်ဝင်တစား လာရောက်လေ့လာကြည့်ရှုသူများ၊ ​ကြိုက်နှစ်သက်၍ဝယ်ယူအားပေးကြသူများဖြင့် စည်ကားလျက်ရှိပါသည်။ မြန်မာကုန်စည်ပြခန်းဆောင်ရှိ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ စီးပွားရေးတွေ့ဆုံပွဲများကျင်းပသည့်နေရာ (Business Matching Area) တွင် မြန်မာနိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်လိုသည့် တရုတ်လုပ်ငန်းရှင်များက လာရောက်တွေ့ဆုံ၍ မြန်မာ-တရုတ်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများအား မေးမြန်းဆွေးနွေးခဲ့ကြရာ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြား​ပေးခဲ့သည်။ ထို့ပြင် အဆိုပါကုန်စည်ပြပွဲ၏  နှစ်လိုဖွယ်ရာမြို့ ပြခန်းဆောင်၌ မြန်မာနိုင်ငံ၏ နှစ်လိုဖွယ်ရာမြို့ (City of Charm) အဖြစ် မန္တလေးမြို့၏ ရင်းနှီးမြုပ်နှံမှုစီမံကိန်းများကို ပါဝင်ပြသထားပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် ​ကပြဖျော်ဖြေလျက်ရှိရာ စိတ်ပါဝင်စား၍ လာရောက်လေ့လာ​ကြည့်ရှုသူများဖြင့် စည်းကားလျက်ရှိကြောင်းသတင်းရရှိသည်။

Event Details

Date
16th to 19th September 2023
Location
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့
Website
myantrade.gov.mm

More Events