Events
ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ARCCI) နှင့် ကော်လ်ကတ္တားမြို့ရှိ မြန်မာစီးပွားရေးသံမှူးတို့ တွေ့ဆုံဆွေးနွေးခြင်း
Updated At: 2023-09-21 18:09:14

ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ARCCI) နှင့် ကော်လ်ကတ္တားမြို့ရှိ မြန်မာစီးပွားရေးသံမှူးတို့ တွေ့ဆုံသည့်အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့ နေ့လည် ၁၄:၀၀ နာရီအချိန်၌ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမတွင် Virtual စနစ်ဖြင့် ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးဦးစီးမှူး၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အမှုဆောင်အဖွဲ့ဝင်များနှင့် အိန္ဒိယနိုင်ငံ၊ ကော်လ်ကတ္တားမြို့မှ မြန်မာစီးပွားရေးသံမှူး အပါအဝင် စုစုပေါင်း (၁၃) ဦး တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းနှင့် ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဝင်းမြင့်လှိုင်တို့က အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ကြပါသည်။ ဧရာဝတီ တိုင်းဒေသကြီးမှ ထွက်ရှိသည့် ကုန်ပစ္စည်းများကို လာရောက်လေ့လာနိုင်ရန်အတွက် အိန္ဒိယနိုင်ငံမှ ကုန်သည်များပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ဖိတ်ခေါ်လိုပါကြောင်းနှင့် ရေထွက်ကုန်လုပ်ငန်းများအတွက် နည်းပညာများပံ့ပိုးပေးစေလိုပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်ရန် အိန္ဒိယနိုင်ငံကျေးလက်ဒေသများတွင် အသုံးပြုနေသည့် ဆိုလာ (Solar) အသုံးပြုမှုစနစ်နှင့် အသင့်ဆောက်အိမ်ယာများအတွက် နည်းပညာအကူအညီများရရှိရေးတို့အတွက် အိန္ဒိယနိုင်ငံရှိ မြန်မာစီးပွားရေးသံမှူးများမှတစ်ဆင့် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရေးကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နေ့လည် ၁၅:၄၅ နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
More Events
MyanTrade eyes coffee export to Russia
Date: 28.7.2025
Myantrade discusses mango pulp exports to Russia
Date: 28-7-2025