Events
သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တွင် “Colombo International Tea Convention 2024” အား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ (၃) ရက်ကြာ ကျင်းပပြုလုပ်မည်
Updated At: 2024-03-12 16:10:32
သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ Cinnamon Grand Hotel တွင် “Colombo International Tea Convention 2024” ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ( ၃ ) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
ညီလာခံကို ကမ္ဘာတစ်ဝန်းရှိ လက်ဖက်ထုတ်လုပ်သူများ၊ လက်ဖက်တင်သွင်း/ တင်ပို့သူများ၊ လေ့လာသူများနှင့် လက်ဖက် influencers/ bloggers များအတွက် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ရာ ပြပွဲအခမ်းအနားကို “Tea, a lifestyle & a livelihood” ခေါင်းစဉ်ဖြင့် ပြုလုပ်သွားမည်ဖြစ်သည်။
အခမ်းအနားအစီအစဉ် စာရင်းပေးသွင်းခြင်းကိစ္စရပ်တို့နှင့်ပတ်သက်၍ အချက်အလက်များသိရှိလိုပါက Ms. Pavithri Peiris ([email protected], TP +94 777688554) နှင့် Mr. Sampath Perera ([email protected], TP +94 779940500) တို့သို့ ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပြီး မြန်မာနိုင်ငံမှစိတ်ပါဝင်စားသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပါဝင်တက်ရောက်နိုင်ကြောင်း သတင်းရရှိပါသည်။
ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ
Event Details
- Date
- 24th to 26th July 2024
- Location
- သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့
- Website
- myantrade.gov.mm
More Events
(၁၃၈) ကြိမ်မြောက် Canton Fair (138th Canton Fair) ကျင်းပမည်
Date: 15th October to 4th November, 2025
“၂၀၂၅-၂၀၂၆ ခုနှစ် အိန္ဒိယအပြည်ပြည်ဆိုင်ရာမီဂါ ကုန်စည်ပြပွဲ (INDIA INTERNATIONAL MEGA TRADE FAIR (IIMTF) 2025-26)” ပြပွဲ ကျင်းပမည်
Date: 5th to 25th December, 2025
ပြည်တွင်း/ ပြည်ပကုန်စည်ပြပွဲ လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Date: 17-9-2025 to 21-9-2025