Events
ထိုင်းနိုင်ငံ၊ Khon Kaen မြို့ ပြည်နယ်ခန်းမတွင် “Khon Kaen နိုင်ငံတကာ ပိုးထည်ပွဲတော်၊ “Pook Xiao” ရိုးရာပွဲ၊ ကြက်ခြေနီပြပွဲနှင့် Soft Power 2023 (International Silk Festival 2023)” အား ကျင်းပပြုလုပ်မည်
Updated At: 2023-11-17 13:20:40
ထိုင်းနိုင်ငံ၊ Khon Kaen မြို့ရှိ ပြည်နယ်ခန်းမတွင် “Khon Kaen နိုင်ငံတကာပိုးထည် ပွဲတော်၊ “Pook Xiao” ရိုးရာပွဲ၊ ကြက်ခြေနီပွဲတော်နှင့် Soft Power 2023 ပြပွဲ (International Silk Festival 2023)” ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ( ၁၂ ) ရက်ကြာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
အဆိုပါပွဲတော်ကို ၁၉၇၉ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပခဲ့ပြီးဘဝနေထိုင်မှုပုံစံ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများကို ထိန်းသိမ်းရန်နှင့်မျိုးဆက်သစ်လူငယ်များအား လက်ဆင့်ကမ်းပေးနိုင်ရန်အတွက် ကျင်းပခြင်းဖြစ်ပါသည်။ ပွဲတော်တွင် “Pook Xiao” ခေါ် ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေးပွဲ၊ ယဉ်ကျေးမှုဖျော်ဖြေကပြပွဲ၊ ဂီတလှည့်လည်ဖျော်ဖြေပွဲ၊ ထောက်ပံ့လှူဒါန်းပွဲများ၊ နိုင်ငံတကာဆွေးနွေးပွဲများနှင့် ပြည်တွင်းတွင်ထုတ်လုပ်သည့် ပိုးထည်နှင့် Ikat (mudmee) ထုတ်ကုန်များပါဝင်ပါသည်။
ပြပွဲတွင် ထိုင်းနိုင်ငံ၊ Khon Kaen ခရိုင်မှထုတ်လုပ်သည့် ပိုးထည်နှင့် ဝါဂွမ်းထုတ်ကုန်များကို ပါဝင်ပြသမည်ဖြစ်ပါသည်။ ထို့အပြင်ပြပွဲတွင်သက်ဆိုင်ရာနိုင်ငံများ၏ ယဉ်ကျေးမှုများမျှဝေနိုင်ရေးအတွက် ပိုးထည်နှင့်ဝါဂွမ်းထုတ်ကုန်များ ပါဝင်ပြသနိုင်ရန်ဖိတ်ခေါပြီး ပါဝင်ပြသမည်ဆိုပါက ပြခန်း (၂) ခန်းအား အခမဲ့ပံ့ပိုးပေးမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။
ပြပွဲသို့ ပါဝင်တက်ရောက်လိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ၏ အချက်အလက်များအား မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၏ ဖုန်းနံပါတ်၊ ၀၆၇ - ၃၄၀၈၆၂၂ ၊ ၀၆၇ - ၃၄၀၈၆၂၃ နှင့် Email: [email protected] တို့သို့ ၂၁-၁၁-၂၀၂၃ ရက်နေ့ (ရုံးချိန်အတွင်း) နောက်ဆုံးထား၍ ဆက်သွယ်ပေးပို့နိုင်ပါကြောင်း သတင်းရရှိပါသည်။
(ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ)
Event Details
- Date
- 29th November to 10th December 2023
- Location
- ထိုင်းနိုင်ငံ၊ Khon Kaen မြို့ ပြည်နယ်ခန်းမ
- Website
- myantrade.gov.mm
More Events
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025