Events
အက်ခ်မက်-ကိုရီးယားစီမံကိန်း၏ စတုတ္ထအကြိမ်သင်တန်းအစီအစဉ်ဖြစ်သည့်“စီးပွားရေးလုပ်ငန်း အစီအစဉ်များရေးဆွဲခြင်းနှင့် ကုန်သွယ်မှုပြုနိုင်ရေး စီးပွားရေးစီမံခန့်ခွဲ့မှုသင်တန်း” ဖွင့်လှစ်ခြင်း
Updated At: 2023-11-17 15:31:37
အက်ခ်မက်-ကိုရီးယားစီမံကိန်း၏ စတုတ္ထအကြိမ်သင်တန်းအစီအစဉ်ဖြစ်သည့် “စီးပွားရေး လုပ်ငန်းအစီအစဉ်များရေးဆွဲခြင်းနှင့် ကုန်သွယ်မှုပြုနိုင်ရေး စီးပွားရေးစီမံခန့်ခွဲ့မှုသင်တန်း” စတင်ဖွင့်လှစ်ခြင်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် ရန်ကုန်မြို့ရှိ SMEBi University ၌ ကျင်းပခဲ့ရာတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာထိန်လင်းက နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ စီးပွားရေး လုပ်ငန်းအစီအစဉ်များရေးဆွဲခြင်းသင်တန်း ပို့ချခြင်းအစီအစဉ်ကို နံနက် (၀၉:၃၀) နာရီအချိန်တွင် ရန်ကုန်မြို့ SMEBi University ရှိ သင်တန်းခန်းမတွင် ကျင်းပခဲ့ပါသည်။ သင်တန်းတွင် အုန်းထုတ်ကုန်လုပ်ငန်းများမှ လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ဆောင်နိုင်ရန်နှင့် ကုန်သွယ်မှုပြုနိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းအစီအစဉ် (Business Plans) များ ရေးဆွဲခြင်းနှင့် စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု (Business Management) ပြုလုပ်ခြင်းများကို သင်ကြားပို့ချပေးမည်ဖြစ်ပါသည်။ သင်တန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ (၄) ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး စုစုပေါင်း သင်တန်းသား (၅၀) ဦးတက်ရောက်ကြမည်ဖြစ်ပါသည်။
သင်တန်းပထမနေ့တွင် SMEBi University တည်ထောင်သူနှင့် ဥက္ကဌဖြစ်သူ ဆရာဦးစိုးဟိန်းက စီးပွားရေးလုပ်ငန်းအစီအစဉ်များရေးဆွဲခြင်း၏ အရေးကြီးပုံ၊ စီးပွားရေးလုပ်ငန်းများအတွက် ဦးတည်ချက်များချမှတ်ခြင်းစသည်တို့ကို ရှင်းလင်းသင်ကြားခဲ့ပြီး၊ ဈေးကွက်သုတေသနနှင့် စီးပွားရေးယှဉ်ပြိုင်ဘက်များအား ဆန်းစစ်ခြင်းကို Case Study ဖြင့် လက်တွေ့သင်ခန်းစာပြုလုပ်၍ လေ့ကျင့်သင်ကြားပို့ချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

More Events
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026
“73rd Bangkok Gems & Jewelry Fair BGJF 2026” သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည်
Date: ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ