Events
Smart Farm Korea 2024(SFKOREA)
Updated At: 2023-12-29 11:35:35
ကိုရီးယားသမ္မတနိုင်ငံ၊ Changwon မြို့၊ Changwon Convention Center (CECO) ၌ “Smart Farm Korea 2024(SFKOREA)” အား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့ အထိ ( ၃ ) ရက်ကြာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
လယ်ယာစိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်၍ Smart Farm အတွက် လိုအပ်သောနည်းပညာအမျိုးမျိုးကို မိတ်ဆက်ပေးရန်နှင့် အနာဂတ်လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်နိုင်မည့်လယ်သမားများကို အကူအညီပေးရန် Smart Farm Korea 2024 (SFKOREA) ကို ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပြပွဲသို့ ကုမ္ပဏီစုစုပေါင်း (၁၂၀) ခန့်မှ ပြခန်း (၄၀၀) အား လာရောက်ခင်းကျင်းပြသမည်ဖြစ်ပြီး ဧည့်သည် (၂၀,၀၀၀) ခန့် တက်ရောက်မည်ဖြစ်ပါကြောင်းနှင့် ပြပွဲတွင် လယ်ယာထွက်ကုန်များ၊ Smart Factory အတွက် လိုအပ်သောစက်များနှင့် ကိရိယာများ၊ မြို့ပြစိုက်ပျိုးမှုစနစ်များ၊ လယ်ယာ လုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းသုံးစက်ပစ္စည်းများ၊ ထုတ်ပိုးမှုဆိုင်ရာပစ္စည်းများ၊ တိရစ္ဆာန်နှင့် အပင်ရောဂါစီမံခန့်ခွဲမှုများ၊ Smart Farm များ လေ့လာခြင်းဆိုင်ရာ အသိပညာများနှင့် ICT ပညာရေးစသည်တို့ကို ခင်းကျင်းပြသသွားမည်ဟု ဖော်ပြပါရှိပါသည်။
၃။ Smart Farm Korea 2024 တွင် ခင်းကျင်းပြသသည့် ကိုရီးယားကုန်စည်နှင့် နည်းပညာများကို ဝယ်ယူလိုသည့် မြန်မာနိုင်ငံမှ Buyer များအနေဖြင့် Smart Farm Korea 2024 (SFKOREA) တွင် နိုင်ငံအသီးသီးမှ ဖိတ်ခေါ်ထားသည့် ဖော်ပြပါပုဂ္ဂိုလ်များအကြား စီးပွားရေးကိစ္စ ဆွေးနွေးမှုများ (Biz-Matching) များ ဆောင်ရွက်ပေးခြင်းဖြင့် အနာဂတ်တွင် Smart Farm ကဏ္ဍကို ပိုမိုခိုင်မာအားကောင်းစေမည်ဖြစ်ပါကြောင်၊ Business Matching သို့ မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်မည်ဆိုပါက လူတစ်ဦးလျှင် (၂) ရက်စာတည်းခိုစရိတ်အတွက် ကျခံပေးမည်ဖြစ်ပါ သည်။
၄။ ကုန်စည်ပြပွဲမှ ကိုရီးယားကုန်စည်နှင့်နည်းပညာများကို ဝယ်ယူလိုသည့် သက်ဆိုင်ရာ အသင်းအဖွဲ့များမှ လုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုး ရေးဌာနခွဲ၊ ဖုန်း ၀၆၇၃၄၀၈၆၂၂၊ Email- [email protected] သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း သတင်းရရှိပါသည်။
(ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ)
Event Details
- Date
- 12th to 14th June 2024
- Location
- ကိုရီးယားသမ္မတနိုင်ငံ၊ Changwon မြို့၊ Changwon Convention Center (CECO)
- Website
- myantrade.gov.mm
More Events
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025