Events

IndusFood-2024

Updated At: 2023-12-29 11:11:26

                   အိန္ဒိယနိုင်ငံ၊ Greater Noida မြို့တွင် အစားအသောက်နှင့် အဖျော်ယမကာဆိုင်ရာ ကုန်စည်ပြပွဲ IndusFood-2024 ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့ မှ ၁၀ ရက်နေ့အထိ ( ၃ ) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

              ပြပွဲသို့ နိုင်ငံတကာအစားအသောက်နှင့် အဖျော်ယမကာ ကုမ္ပဏီများ ပါဝင်ပြသရန် ဖိတ်ကြားထားပြီး အိန္ဒိယနိုင်ငံရှိ စားသောက်ကုန်ပစ္စည်းများအား ဝယ်ယူတင်သွင်း ဖြန့်ဖြူးရောင်းချသူများ၊ Supermarket လုပ်ငန်းကြီးများ၊ ဟိုတယ်နှင့်စားသောက်ဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံချိတ်ဆက်မှုများ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့်အိန္ဒိယနှစ်နိုင်ငံ စီးပွားရေးဆိုင်ရာချိတ်ဆက်ဆောင်ရွက်ခြင်းများမြှင့်တင်နိုင်ရန်ကုန်စည်ပြပွဲတွင် အိန္ဒိယကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံမှု အလားအလာများ၊ ဖက်စပ်လုပ်ငန်းဆောင်ရွက်ခြင်း၊ နည်းပညာဖလှယ်ခြင်းနှင့် တိုက်ရိုက်တင်ပို့/ တင်သွင်းမှုများကို ဆွေးနွေးရန်အခွင့်အလမ်းများရရှိနိုင်မည် ဖြစ်ပါသည်။ ပြခန်းဆောင်အား တစ်စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၂၇၅ + ၁၈% GST ကျသင့်မည်ဖြစ်သော်လည်း မြန်မာ၊ အိန္ဒိယနှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုရှေးရှု၍ မြန်မာနိုင်ငံမှပါဝင်ပြသမည့်သူများအတွက် အမေရိကန် ဒေါ်လာ ၂၅၀ လျော့ပေးမည်ဖြစ်ကြောင်း ဖိတ်ကြားစာတွင် ဖော်ပြထားပါသည်။

၃။              သို့ဖြစ်ပါ၍ ပါဝင်တက်ရောက်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ၏ အချက်အလက်များအား မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ ဖုန်းနံပါတ်၊ ၀၆၇ - ၃၄၀၈၆၂၂ နှင့် Email: [email protected] တို့သို့ (ရုံးချိန်အတွင်း) နောက်ဆုံးထား၍ ဆက်သွယ်ပေးပို့နိုင်ပါကြောင်း သတင်းထုတ်ပြန်ထားပါသည်။

ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ