Events
IndusFood-2024
Updated At: 2023-12-29 11:11:26
အိန္ဒိယနိုင်ငံ၊ Greater Noida မြို့တွင် အစားအသောက်နှင့် အဖျော်ယမကာဆိုင်ရာ ကုန်စည်ပြပွဲ IndusFood-2024 ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့ မှ ၁၀ ရက်နေ့အထိ ( ၃ ) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ပြပွဲသို့ နိုင်ငံတကာအစားအသောက်နှင့် အဖျော်ယမကာ ကုမ္ပဏီများ ပါဝင်ပြသရန် ဖိတ်ကြားထားပြီး အိန္ဒိယနိုင်ငံရှိ စားသောက်ကုန်ပစ္စည်းများအား ဝယ်ယူတင်သွင်း ဖြန့်ဖြူးရောင်းချသူများ၊ Supermarket လုပ်ငန်းကြီးများ၊ ဟိုတယ်နှင့်စားသောက်ဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံချိတ်ဆက်မှုများ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့်အိန္ဒိယနှစ်နိုင်ငံ စီးပွားရေးဆိုင်ရာချိတ်ဆက်ဆောင်ရွက်ခြင်းများမြှင့်တင်နိုင်ရန်ကုန်စည်ပြပွဲတွင် အိန္ဒိယကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံမှု အလားအလာများ၊ ဖက်စပ်လုပ်ငန်းဆောင်ရွက်ခြင်း၊ နည်းပညာဖလှယ်ခြင်းနှင့် တိုက်ရိုက်တင်ပို့/ တင်သွင်းမှုများကို ဆွေးနွေးရန်အခွင့်အလမ်းများရရှိနိုင်မည် ဖြစ်ပါသည်။ ပြခန်းဆောင်အား တစ်စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၂၇၅ + ၁၈% GST ကျသင့်မည်ဖြစ်သော်လည်း မြန်မာ၊ အိန္ဒိယနှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုရှေးရှု၍ မြန်မာနိုင်ငံမှပါဝင်ပြသမည့်သူများအတွက် အမေရိကန် ဒေါ်လာ ၂၅၀ လျော့ပေးမည်ဖြစ်ကြောင်း ဖိတ်ကြားစာတွင် ဖော်ပြထားပါသည်။
၃။ သို့ဖြစ်ပါ၍ ပါဝင်တက်ရောက်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ၏ အချက်အလက်များအား မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၏ ဖုန်းနံပါတ်၊ ၀၆၇ - ၃၄၀၈၆၂၂ နှင့် Email: [email protected] တို့သို့ (ရုံးချိန်အတွင်း) နောက်ဆုံးထား၍ ဆက်သွယ်ပေးပို့နိုင်ပါကြောင်း သတင်းထုတ်ပြန်ထားပါသည်။
ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ
Event Details
- Date
- 8th to 10th January 2024
- Location
- အိန္ဒိယနိုင်ငံ၊ Greater Noida မြို့
- Website
- myantrade.gov.mm
More Events
ကမ္ဘာ့ကုန်သွယ်ရေး၊ ခရီးသွားလာရေးနှင့် အစားအစာပြပွဲ (World of Travel, World of Trade & Taste EXPO- WTTT EXPO) ကျင်းပမည်
Date: 20th to 24th October, 2025 and 29th to 31st May, 2025
FTI EXPO 2025 ကျင်းပမည်
Date: 12th to 15th February, 2025
Gem Sri Lanka ပြပွဲ ကျင်းပမည်
Date: 8th to 10th January, 2025