Events
“8th Macao International Travel(Industry) Expo”
Updated At: 2020-02-18 06:10:50
“8th Macao International Travel(Industry) Expo” ကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့ထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မကာအိုအထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် သိရှိရပါသည်။ ယင်းပြပွဲအား နိုင်ငံတကာမှ ခရီးသွားလုပ်ငန်းများနှင့် ဆက်စပ်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများမှ ပါဝင်ပြသနိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွက် ၁၈ စတုရန်းမီတာ အကျယ်အဝန်းရှိသည့် ပြခန်းနေရာအား အခမဲ့ ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ အဆိုပါပြပွဲသို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ရန် ပြည်ထောင်စုသမ္္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းသို့ ဖိတ်စာများကို (၁၇-၂-၂၀၂၀) ရက်နေ့တွင် ဖြန့်ဝေပေးထားပါသည်။ ပြပွဲဆိုင်ရာအချက်အလက်များသိရှိလိုပါက ပြပွဲကျင်းပရေးကော်မတီ၊ Email: [email protected]၊ ဖုန်း- (853) 2870 3707 ၊ 2870 0655၊(86)151-1316-2627၊www.mitexpo.mo၊ ပေကျင်းမြို့၊ မြန်မာသံရုံးမှ စီးပွားရေးသံမှူး ဒေါ်ရွှေစင်ဦး၊ email: [email protected] နှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှု ဖွံ့ဖြိုးရေးဌာနခွဲ၊ ရုံးအမှတ်(၃)၊ နေပြည်တော်၊ ဖုန်း- ၀၆၇-၃၄၀၈၆၀၈၊ ၀၆၇-၃၄၀၈၆၂၂၊ ၀၆၇-၃၄၀၈၆၂၃ နှင့် email:moctradefair@ gmail.com သို့ ဆက်သွယ် မေးမြန်းနိုင်ပါကြောင်း အသိပေးပါသည်။
Event Details
- Date
- Updating
- Location
- တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မကာအိုအထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
- Website
- www.myantrade.org
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026