Events
“India International Security Expo 2018” ကုန်စည်ပြပွဲ
Updated At: 2018-09-28 05:30:06
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ “India International Security Expo 2018” ပြပွဲ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ အဆိုပါပြပွဲတွင် လက်နက်ပစ္စည်း၊ ကျည်ကာပစ္စည်း၊ သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲရေးပစ္စည်း၊ ကယ်ဆယ်ရေးပစ္စည်း၊ CCTV ကင်မရာ အစရှိသည့် လုံခြုံရေးဆိုင်ရာ ပစ္စည်းမျိုးစုံ ခင်းကျင်းပြသမည်ဖြစ်ပြီး အိန္ဒိယပြည်နယ်အားလုံးမှ လုံခြုံရေးထိပ်တန်းတာဝန်ခံဖြစ်သည့် ပြည်နယ်ပြည်ထဲရေး အတွင်းအားလုံး တက်ရောက်မည် ဖြစ်ပါသည်။ ၎င်းပြပွဲတွင် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသမည့်အပြင် တွေ့ဆုံပွဲများ အစည်းအဝေးများ၊ ဆွေးနွေးပွဲများအားလုံး ပါဝင်မည် ဖြစ်ပါသည်။ “India International Security Expo 2018” ပြပွဲသို့တက်ရောက်လာသည့် ကိုယ်စားလှယ် (၅/၆) ဦးအတွက် ပြည်တွင်းနေထိုင်သွားလာစရိတ်များကို ပြပွဲကျင်းပရေးကော်မတီမှ ကျခံပေးမည် ဖြစ်ပါသည်။
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026