Events
“(၁၇) ကြိမ်မြောက် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေး ကုန်စည်ပြပွဲ (မူဆယ်)” နှင့် “(၁၃) ကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေးကော်မတီ (JBTCCC) အစည်းအဝေး” ကျင်းပမည်
Updated At: 2018-11-06 04:26:25
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရတို့အကြား ချုပ်ဆိုခဲ့သည့် မြန်မာ-တရုတ်နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီမှုစာချုပ် ၁၉၉၇ အရ နယ်စပ် ကုန်စည်ပြပွဲနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေးကော်မတီ ဆွေးနွေးပွဲကို ၂၀၀၁ ခုနှစ်မှစ၍ မြန်မာ-တရုတ် နှစ်နိုင်ငံအလှည့်ကျ ကျင်းပလျှက်ရှိပါသည်။ ရည်ရွယ်ချက်မှာ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်လာစေရန်နှင့် အိမ်နီးချင်းပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မြဲလာစေရန် ဖြစ်ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သည် ပို့ကုန်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာကုန်သွယ်မှု မြှင့်တင်ရေးဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး နိုင်ငံတကာကုန်စည်ပြပွဲများကို သွားရောက်ပြသနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါ သည်။
“(၁၇) ကြိမ်မြောက် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးကုန်စည်ပြပွဲ (မူဆယ်)” နှင့် “(၁၃) ကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေးကော်မတီ (JBTCCC) အစည်းအဝေး”ကို မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ နယူးစတားလိုက် ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်၊ မူဆယ်ဗဟိုစီးပွားရေးဇုန် (မင်္ဂလာမူဆယ်စျေး) တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့မှ (၁၆) ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ ယခုနှစ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် တာဝန်ယူဆောင်ရွက်သွားရမည် ဖြစ်ပါသည်။ ယခုနှစ်ပြပွဲကို မူဆယ်ဗဟိုစီးပွားရေးဇုန် (မင်္ဂလာမူဆယ်စျေး) အတွင်းရှိလမ်းများတွင် ၃မီတာ x ၃ မီတာ အကျယ်အဝန်းရှိ ပြခန်းပေါင်း (၄၀၀) ခန့်ဖြင့် တည်ဆောက်ခင်းကျင်းပြသသွားမည်ဖြစ်ရာ တရုတ် လုပ်ငန်းရှင်များမှ ပြခန်းပေါင်း (၃၀၀) ကျော်နှင့် မြန်မာလုပ်ငန်းရှင်များအတွက် ပြခန်း (၁၀၀) ခန့် ပါဝင်ပြသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါသဖြင့် မြန်မာစီးပွားရေး လုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။
ပြပွဲနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ နေပြည်တော်ဖုန်း၊ ၀၆၇-၄၃၀၄၄၆/၄၃၀၄၄၇၊ ဖက်(စ်) ၀၆၇-၄၃၀၁၂၈၊ email:[email protected] ၊ မြန်မာကုန်သွယ်မှုဗဟိုဌာန (ရန်ကုန်) ဖုန်း၊ ၀၁-၂၅၄၀၂၄၊ Email:[email protected] နှင့် မောရွှေ လီ ကုန်သွယ်မှုဗဟိုဌာန (မူဆယ်) ဖုန်း- ၀၉-၄၄၀၀၀၃၈၅၄ email:mawshweli.muse@gmail. com တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
Event Details
- Date
- Updating
- Location
- မူဆယ်မြို့ နယူးစတားလိုက် ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်၊ မူဆယ်ဗဟိုစီးပွားရေးဇုန် (မင်္ဂလာမူဆယ်စျေး)
- Website
- www.myantrade.org
More Events
MyanTrade eyes coffee export to Russia
Date: 28.7.2025
Myantrade discusses mango pulp exports to Russia
Date: 28-7-2025