Events
“The Guangdong and Macao Branded Products Fair 2024 ( GMBPF 2024 )” ကျင်းပပြုလုပ်မည်
Updated At: 2024-06-07 14:16:18

မကာအိုအထူးအုပ်ချုပ်ရေးဒေသ၊ မကာအိုကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအဖွဲ့ Macao Trade and Investment Promotion Institutes (IPIM) နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်တုံပြည်နယ်၊ ကူးသန်းရောင်းဝယ်ရေးဌာနတို့မှ ကြီးမှူး၍ မကာအိုမြို့၊ VENETIAN MACAO- COTAI EXPO HALL တွင် “The Guangdong and Macao Branded Products Fair 2024 ( GMBPF 2024 )” ပြပွဲကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပါသည်။
အဆိုပါပြပွဲသို့ မြန်မာနိုင်ငံမှ ကျောက်မျက်ကုမ္ပဏီများ၊ အမှတ်တရလက်ဆောင်ပစ္စည်း လုပ်ငန်းရှင်များ၊ လက်မှုပစ္စည်းလုပ်ငန်းရှင်များနှင့် အခြားစီးပွားရေးလုပ်ငန်းရှင်များ အစရှိသော ကုမ္ပဏီများ ပါဝင်ပြသနိုင်ပြီး ပြပွဲကျင်းပရေးကော်မတီမှ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ထားသည့် Myanmar Tourism Resources Co.,Ltd နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ကြောင်း ဖော်ပြပါရှိပါသည်။
“The Guangdong and Macao Branded Products Fair 2024 ( GMBPF 2024 )” ပြပွဲတွင် ပါဝင်ပြသလိုသည့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် https://mitc.myantrade.gov.mm/ သို့ ဝင်ရောက်ပြီး Trade Fair Registration From တွင် Online Register ပြုလုပ်၍ ဝင်ရောက်လျှောက်ထားရမည်ဖြစ်ပြီး ပြပွဲနှင့်ပတ်သက်သည့် သိရှိလိုသည်များကို ဖုန်း- ၀၆၇- ၄၀၈၆၂၂ နှင့် ၀၉ ၅၁၈ ၂၅၉၈ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရှိရပါသည်။
Myantrade ( TD )
More Events
The Industry Expo 2025 ပြပွဲ ကျင်းပမည်
Date: 19th to 22th June, 2025