Events
India Steel Expo 2025 သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသပါနိုင်ကြောင်း
Updated At: 2024-06-12 10:58:33
အိန္ဒိယသမ္မတနိုင်ငံ၊ မွန်ဘိုင်းမြို့ရှိ ဘုံဘေကုန်စည်ပြပွဲစင်တာတွင် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၆)ကြိမ်မြောက် သံမဏိလုပ်ငန်းကဏ္ဍဆိုင်ရာ နိုင်ငံတကာကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲများ - India Steel Expo 2025 ကို မြန်မာနိုင်ငံမှပါဝင်ပြသရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး၊ နယူးဒေလီမြို့မှ သိရှိရပါသည်။
အိန္ဒိယသံမဏိကုန်စည်ပြပွဲ ၂၀၂၅ သည် သံမဏိပစ္စည်း ထုတ်လုပ်တင်ပို့ရောင်းချသူများအတွက် အတွေ့အကြုံနှင့် ဈေးကွက်အခွင့်အလမ်းများ ရရှိစေမည်ဖြစ်ပြီး ပြပွဲသို့ တက်ရောက်မည့်နိုင်ငံတကာလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်ချဲ့ထွင်ခြင်း၊ နည်းပညာလွှဲပြောင်းပေးခြင်းနှင့် ရင်းနှီးမြှပ်နှံမှုများအတွက် စီးပွားရေးလုပ်ငန်းရှင်အကြား တွေ့ဆုံဆွေးနွေးပွဲများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အိန္ဒိယအစိုးရ၏ သက်ဆိုင်ရာဌာနဆိုင်ရာများအကြား တွေ့ဆုံဆွေးနွေးခြင်း အစီအစဉ်များကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ ပြပွဲဆိုင်ရာအသေးစိတ်အချက်အလက်များကို www.indiasteelexpo.in တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026