Events
(၃၁) ကြိမ်မြောက် Exhibition of Detergent, Cosmetics, Hygienic, Cellulose Products and Related Machineries ပြပွဲ
Updated At: 2024-01-18 10:56:13
အီရန်နိုင်ငံ၊ တီဟီရန်မြို့၌ (၃၁) ကြိမ်မြောက် Exhibition of Detergent, Cosmetics, Hygienic, Cellulose Products and Related Machineries ပြပွဲကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့အထိ (၄) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အီရန်သံရုံးမှတစ်ဆင့် အမည်စာရင်းပေးပို့လာသည့် အစိုးရတာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် ၃ ညတည်းခိုနေထိုင်ခွင့်နှင့် ပြည်တွင်းသွားလာစရိတ်များကို ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။ ပြပွဲနှင့်ပတ်သက်သည့် အချက်အလက်များကို spnco.net/en တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်မည်ဖြစ်ပါသည်။
ကုန်စည်ပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ အီးမေးလ် [email protected]၊ ဖုန်းနံပါတ် ၀၆၇-၄၀၈၆၂၂၊ ၀၆၇-၄၀၈၆၂၃ သို့ ၃၀-၁-၂၀၂၄ ရက်နေ့ (ရုံးချိန်အတွင်း) နောက်ဆုံးထား၍ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း သတင်းရရှိပါသည်။
ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ
Event Details
- Date
- 17th to 20th April 2024
- Location
- အီရန်နိုင်ငံ၊ တီဟီရန်မြို့
- Website
- myantrade.gov.mm
More Events
Smart Farm Korea 2025 (SFKOREA 2025 ) ပြပွဲ ကျင်းပမည်
Date: 21st to 23rd May, 2025
FTCCI Experiential Tourism MICE Fair 2025 ပြပွဲ ကျင်းပမည်
Date: 26th to 27 th May, 2025
“အစိုးရ - ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ” ၏ (၁/၂၀၂၅) ကြိမ်မြောက်အစည်းအဝေး ကျင်းပခြင်း
Date: 28th January 2025