Events
(၅၁) ကြိမ်မြောက်နိုင်ငံတကာပရိဘောဂပြပွဲ (တုန်းကွမ်) (51st International Famous Furniture Fair (Dongguan))
Updated At: 2024-01-18 10:50:18
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်းတုန်းပြည်နယ်၊ တုန်းကွမ်မြို့ရှိ Guangdong Modern International Exhibition Center တွင် “(၅၁) ကြိမ်မြောက် နိုင်ငံတကာပရိဘောဂပြပွဲ (တုန်းကွမ်) (51st International Famous Furniture Fair (Dongguan))” အား ၂၀၂၄ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ ( ၅ ) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ပြပွဲတွင်ပါဝင်ပြသမည့်သံရုံးများ၊ ကောင်စစ်ဝန်ချုပ်ရုံးများ၏ ပြခန်းအတွက် 36 square meters အကျယ်အဝန်းရှိသည့် free booth စီစဉ်ထားရှိပြီး ပြခန်းတွင်ပါဝင်ပြသမည့်လုပ်ငန်းရှင်နှင့် လာရောက်လေ့လာမည့် လုပ်ငန်းရှင်တစ်ဦးလျှင် တည်းခိုနေထိုင်စရိတ် (၂) ညအတွက် Organization Committee မှ ကုန်ကျခံမည်ဖြစ်ပါကြောင်းနှင့် အသွားအပြန်လေယာဉ်စရိတ်ကို မိမိအစီအစဉ်ဖြင့် ကျခံရမည်ဖြစ်ပါသည်။
ပြပွဲကျင်းပနေစဉ်အတွင်း Business matching meeting နှင့် Onsite event များလည်း ပြုလုပ်သွားမည်ဖြစ်ရာ မှတ်ပုံတင်စာရင်းတင်သွင်းရန်အနေဖြင့် Visitor’s registration: http://iff.gde3f.net/fff49/page51/welcome.html?js=51&ly=EM၊ Business matching meeting: https://jinshuju.net/f/CFxGf6၊ Onsite event registration: http:// jinshuju.net/f/Qb0Sw5 တို့တွင် ဝင်ရောက်လေ့လာဖြည့်သွင်းနိုင်ပါသည်။
အသေးစိတ်သိရှိလိုပါက Ms.Happy Pu, Tel;+86-15374027526, Email; fbf@ gde3f.com, Website:www.gde3f.net သို့ ဆက်သွယ်စုံစမ်းနိုင်ပါကြောင်းနှင့် အီးမေးလ်ပေးပို့ သည့်အခါ မြန်မာသံရုံး၊ ပေကျင်းမြို့၏ အီးမေးလ်များဖြစ်သည့် [email protected] နှင့် [email protected] သို့လည်း မိတ္တူထည့်သွင်းပေးပို့ဆောင်ရွက်ရန်လိုအပ်ပြီး နောက်ဆုံး စာရင်းပေးသွင်းရမည့်ရက်မှာ ၅-၂-၂၀၂၄ ရက်ဖြစ်ကြောင်း ဖိတ်ကြားစာတွင် ဖော်ပြထားပါသည်။
သို့ဖြစ်ပါ၍ ပါဝင်တက်ရောက်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ၏ အချက်အလက်များအား အထက်တွင်ဖော်ပြထားသည့် ဖုန်းနံပါတ်၊ အီးမေးလ်၊ ဝဘ်ဆိုဒ် တို့သို့ ဆက်သွယ်ပေးပို့မေးမြန်းနိုင်ပါသည်။
ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ
Event Details
- Date
- 15th to 19th March 2024
- Location
- တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်းတုန်းပြည်နယ်၊ တုန်းကွမ်မြို့
- Website
- myantrade.gov.mm
More Events
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025