Events
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင်ကျင်းပမည့် ပရိဘောဂ ကုန်စည်ပြပွဲ
Updated At: 2024-02-02 14:59:54
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ ကိုရီးယားပရိဘောဂလုပ်ငန်းစုများအသင်းချုပ် (Korea Federation of Furniture Industry Cooperatives- KFFIC) က ကြီးမှူး၍ ၂၀၂၄ ခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ပရိဘောဂကုန်စည်ပြပွဲ (၂) ပွဲကို ကျင်းပသွားမည်ဖြစ်ပါ သည်။
KFFIC က ၂၀၂၄ ခုနှစ်အတွင်း စီစဉ်ကျင်းပသွားမည့် ပရိဘောဂကုန်စည်ပြပွဲများမှာ ဆိုးလ်မြို့ နိုင်ငံတကာပရိဘောဂများနှင့် လူ့ဘဝနေထိုင်မှုပုံစံများပြပွဲ (Seoul International Furniture and Lifeshow- SOFURN & LIFESHOW) နှင့် ကိုရီးယားနိုင်ငံတကာ ပရိဘောဂနှင့် အခန်းတွင်း ပြင်ဆင်မှုများပြပွဲ (Korea International Furniture and Interior Fair- KOFURN) တို့ဖြစ်ပါသည်။
SOFURN & LIFESHOW ကို ဆိုးလ်မြို့ရှိ ညီလာခံနှင့်ပြပွဲကျင်းပရေးစင်တာ (Convention & Exhibition Center- COEX) တွင် ၂-၅-၂၀၂၄ မှ ၅-၅-၂၀၂၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပါ ကြောင်းနှင့် ပြပွဲတွင် အိမ်သုံး၊ ရုံးခန်းသုံးပရိဘောဂများ၊ အနုပညာပြခန်းသုံး ပရိဘောဂပစ္စည်းများ၊ အလှပြင်ဆိုင်နှင့် ကျန်းမာရေးဆိုင်ရာ အားကစားခန်းမသုံးပစ္စည်းများ၊ ရုံးသုံးပရိဘောဂများနှင့် အလှဆင်ပစ္စည်းများ၊ အတွင်းခန်းအလှဆင်ပစ္စည်းများ၊ အပန်းဖြေခရီးသွားရာတွင်သုံးသည့် ပရိ ဘောဂများ၊ နေအိမ်ဥယျာဉ်ခြံမြေသုံးပစ္စည်းများနှင့် ပရိဘောဂများကို ခင်းကျင်းပြသသွားမည် ဖြစ်ကြောင်း ဖိတ်ကြားစာတွင် ဖော်ပြပါရှိပါသည်။
KOFURN ကို ဆိုးလ်မြို့အနီးရှိ ကိုရီးယားနိုင်ငံတကာပြပွဲများစင်တာ (Korea International Exhibition Center- KINTEX) တွင် ၂၉-၈-၂၀၂၄ ရက်နေ့မှ ၁-၉-၂၀၂၄ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပါကြောင်းနှင့် ပြပွဲတွင် အိမ်သုံး၊ ရုံးခန်းသုံးပရိဘောဂများ၊ မီးဖိုချောင်သုံး ပရိဘောဂပစ္စည်းများ၊ အနုပညာပြခန်းသုံး ပရိဘောဂပစ္စည်းများ၊ သစ်ပရိဘောဂများ ထုတ်လုပ်သည့်စက်များ၊ ကုန်ကြမ်းပစ္စည်းများကို ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ ပို့ကုန်တင်ပို့လိုသည့် ပရိဘောဂလုပ်ငန်းရှင်များအနေဖြင့် ပါဝင် တက်ရောက်လိုပါက Mr. Jacob Lee ၊ Manager ဖြစ်သူ၏ Email: [email protected] နှင့် Whatsapp +82-10-2615-1153 တွင် အမည်စာရင်းတင်သွင်းမှုပုံစံတွင် ဖြည့်စွက်၍ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ Email : event.td.myantrade@gmail. com၊ ဖုန်းနံပါတ် ၀၆၇-၄၀၈၆၂၂၊ ၀၆၇-၄၀၈၆၂၃ တို့သို့ မိတ္တူပေးပို့နိုင်ကြောင်း သတင်းရရှိပါသည်။
ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ
Event Details
- Date
- 2nd to 5th May 2024
- Location
- တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့
- Website
- myantrade.gov.mm
More Events
MyanTrade eyes coffee export to Russia
Date: 28.7.2025
Myantrade discusses mango pulp exports to Russia
Date: 28-7-2025