Events

ထိုင်းနိုင်ငံတွင် ThaiFEX-Anuga Asia 2024 ကုန်စည်ပြပွဲ ကျင်းပပြုလုပ်မည်

Updated At: 2024-02-09 11:37:54

         ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန(DITP)သည် “ ThaiFEX-Anuga Asia 2024 ” ကို ၂၀၂၄ ခုနှစ်၊ မေလ ၂၈ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ (၅) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

          ကုန်စည်ပြပွဲတွင် ပါဝင်ပြသခြင်းဖြင့် မြန်မာ့ထွက်ကုန်များကို မိတ်ဆက်ပြသနိုင်မည်ဖြစ်ပြီး ဈေးကွက်အသစ်များရှာဖွေရရှိနိုင်မည့်အခွင့်အလမ်းများရရှိနိုင်မည်ဖြစ်ပါသည်။ ပြပွဲတွင် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ရန်အတွက် ဧရိယာ ၂.၂၅ မီတာ x ၂.၂၅ မီတာ အကျယ် အဝန်းရှိသည့် ပြခန်း(၈)ခန်းအား အခမဲ့ဖြင့် ပံ့ပိုးသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

         ပြပွဲသို့ ပါဝင်တက်ရောက်လိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်  https:// mitc.myantrade.gov.mm/member/trade-fair/new သို့ ၇-၂-၂၀၂၄ မှ စတင်၍ ဝင်ရောက် စာရင်းပေးသွင်းရမည် ဖြစ်ပါသည်။ ပါဝင်ပြသခွင့်ရရှိမည့် ကုမ္ပဏီအား စာရင်းပေးသွင်းမှုအစီအစဉ် အတိုင်း ဦးစားပေးရွေးချယ်သွားမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များအား မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း သတင်းရရှိပါသည်။

ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ