Events
AGROS EXPO နှင့် POTATO HORTI AgriTech ကုန်စည်ပြပွဲများ
Updated At: 2023-11-24 13:36:11

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် “AGROS EXPO နှင့် POTATO HORTI AgriTech ကုန်စည်ပြပွဲများ” ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
၎င်းကုန်စည်ပြပွဲများသည် ရုရှားစိုက်ပျိုးရေးနှင့်စက်မှုနည်းပညာကဏ္ဍတွင် အရေးပါသည့် နိုင်ငံတကာကုန်စည်ပြပွဲများဖြစ်ရာ AGROS Expo သည် တိရိစ္ဆာန်သားဖောက်ခြင်းလုပ်ငန်း၊ တိရိစ္ဆာန်အစာထုတ်လုပ်ခြင်း၊ တိရိစ္ဆာန်ဆေးကုသရေး၊ ကြက်နှင့်ဝက်မွေးမြူထုတ်လုပ်ရေး၊ တိရိစ္ဆာန်အစာသီးနှံများရိတ်သိမ်းခြင်း၊ တိရိစ္ဆာန်အစာထုတ်လုပ်သည့်စက်နှင့် သီးနှံသိုလှောင်မှုနည်းပညာဆိုင်ရာကုန်စည်ပြပွဲဖြစ်ပြီး POTATO HORTI Agritech သည် အာလူးနှင့်ဟင်းသီးဟင်းရွက်များ ထုတ်လုပ်မှုနှင့်ပြုပြင်ခြင်းနည်းပညာဆိုင်ရာ ကုန်စည်ပြပွဲဖြစ်ပါသည်။
ကုန်စည်ပြပွဲသို့ ရုရှားနိုင်ငံနှင့် အခြားနိုင်ငံ ၂၀ ကျော်မှ ထုတ်လုပ်သူနှင့်ရောင်းချသူ ၆၀၀ ကျော် ပါဝင်ပြသကြမည်ဖြစ်ပြီး စီးပွားရေးဆိုင်ရာအခမ်းအနား ၆၅ ခုခန့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ ထို့အပြင် လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်ပညာရှင် ၃၅၀ ကျော်လည်း ပါဝင်တက်ရောက်ကြမည်ဖြစ်၍ ရုရှားနှင့်အိမ်နီးချင်းနိုင်ငံများမှ စိုက်ပျိုးရေးပညာရှင် ၁၇၀၀၀ ဦး ဝန်းကျင်ခန့် တက်ရောက်ရန်မျှော်မှန်းထားပါသည်။
အဆိုပါ ပြပွဲများသို့ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာလုပ်ငန်းကဏ္ဍမှ ကိုယ်စားလှယ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်ရေးအတွက် ဖိတ်ကြားခြင်းဖြစ်ရာ ပါဝင် တက်ရောက်ခြင်းဖြင့် နှစ်နိုင်ငံအကြားဆက်ဆံရေးကို ပိုမိုခိုင်မာလာစေသည့်အပြင် ကုန်သွယ်မှုပမာဏကို တိုးမြှင့်စေနိုင်မည်ဖြစ်သကဲ့သို့ ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ဆန်းစစ်နိုင်မည်ဖြစ်ရာ ပါဝင်ပြသသည့်ကုမ္ပဏီများအဆင်ပြေစေရေးအတွက် International Joint Pavilion တစ်ခုကိုလည်းစီစဉ်ထားပါကြောင်း ဖော်ပြပါရှိပါသည်။
အဆိုပါပြပွဲများသို့ ပါဝင်ပြသတက်ရောက်လိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း ၀၆၇၃၄၀၈၆၂၂၊ Email: [email protected] သို့ ၃၀-၁၁-၂၀၂၃ ရက်နေ့ (ရုံးချိန်အတွင်း) နောက်ဆုံးထား၍ ဆက်သွယ်ပေးပို့နိုင်ပါကြောင်း သတင်းထုတ်ပြန်ထားပါသည်။
ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ
Event Details
- Date
- 24th to 26th September 2024
- Location
- ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့
- Website
- myantrade.gov.mm
More Events
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026
“73rd Bangkok Gems & Jewelry Fair BGJF 2026” သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည်
Date: ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ