Events
‘COEX Food Week 2023’ Exhibition နှင့် စားသောက်ကုန်ထုတ်လုပ်ရေးကဏ္ဍ လေ့လာရေးခရီးစဉ်သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ထွက်ခွာ
Updated At: 2023-11-20 10:07:27
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် ကိုရီးယားသမ္မတနိုင်ငံ၊ Korea Food Research Institute (KFRI)တို့ ပူးပေါင်း၍ မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်သည့် ကုမ္ပဏီများ၏ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများကို ကူညီဖြေရှင်းပေးရန်နှင့် ပို့ကုန်မြှင့်တင်ရန် မြန်မာနှင့်ကိုရီးယားနိုင်ငံတို့၏ စားသောက်ကုန်ထုတ်လုပ်ငန်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန် ရည်ရွယ်၍ Korea- Myanmar Technology Advice and Solutions from Korea (TASK) for Food Processing Industry စီမံကိန်းကို ၂၀၂၁ ခုနှစ်၊ မေလမှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအထိ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါသည်။
စီမံကိန်းနှင့်စပ်လျဉ်း၍ စားသောက်ကုန်ထုတ်လုပ်ရေးကဏ္ဍ လေ့လာရေးခရီးစဉ်သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းခေါင်းဆောင်သော စားသောက်ကုန်ထုတ် လုပ်သည့် လုပ်ငန်းရှင်များအပါအဝင် အဖွဲ့ဝင်၁၂ ဦးပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့မှ ကိုရီးယားသမ္မတနိုင်ငံသို့ လေကြောင်းခရီး ဖြင့်ထွက်ခွာသွားပါသည်။
ခရီးစဉ်အတွင်း ကိုယ်စားလှယ်အဖွဲ့သည် ကိုရီးယားနိုင်ငံ၏ စားသောက်ကုန် ထုတ်လုပ်သည့် စက်ရုံများသို့သွားရောက်လေ့လာခြင်း၊ ကိုရီးယားစားသောက် ကုန်ထုတ်လုပ်သည့် ပညာရှင်များနှင့် တွေ့ဆုံကြမည်ဖြစ်သည့်အပြင် ဆိုးလ်မြို့ COEX Convention & Exhibition Center တွင် ကျင်းပမည့် ‘COEX Food Week 2023’ တွင် လက်ဖက်ခြောက်၊ သစ်သီးခြောက်အမျိုးမျိုး၊ ငရုတ်သီးထုတ်ကုန်များ၊ ပျားရည်၊ အချိုရည် စသည့် မြန်မာ့စားသောက်ကုန်များကိုဈေးကွက်သစ်များရရှိရေး ပါဝင်ပြသကြမည် ဖြစ်ကြောင်းသတင်းရရှိပါသည်။
Event Details
- Date
- 19 th November 2023
- Location
- ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ COEX Convention & Exhibition Center
- Website
- myantrade.gov.mm
More Events
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026
“73rd Bangkok Gems & Jewelry Fair BGJF 2026” သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည်
Date: ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ