Events
11th Edition of International Engineering Sourcing Show
Updated At: 2024-01-30 15:26:29
အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၏ အထောက်အပံ့ဖြင့် Engineering Export Promotion Council (EEPP India) ကကြီးမှူး၍ Coimbatore မြို့တွင် “11th Edition of International Engineering Sourcing Show” အား ၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ( ၃ ) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
IESS သည် အိန္ဒိယနိုင်ငံ၏ အင်ဂျင်နီယာကဏ္ဍဆိုင်ရာ နိုင်ငံတကာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ဆောင်ရွက်ရေးကို အဓိကအလေးထားသည့် စင်္ကြံတစ်ခုဖြစ်ပြီး၊ အိန္ဒိယအင်ဂျင်နီယာပိုင်းဆိုင်ရာ ပို့ကုန်များသည် ယခုနှစ်များတွင် တိုးတက်လာခဲ့ပါသည်။ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများသည် အိန္ဒိယနိုင်ငံ၏ အင်ဂျင်နီယာ လုပ်ငန်းများအတွက် ကျောထောက်နောက်ခံကောင်းဖြစ်၍ ယခုအခမ်းအနားတွင်လည်း ထုတ်ကုန်များ ပြသသွားမည်ဖြစ်ရာ ပါဝင်ပြသမည့်သူများအနေဖြင့် B2B အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ညစာစားပွဲနှင့် စီးပွားရေးလုပ်ငန်းရှင်အချင်းချင်း တွေ့ဆုံဆွေးနွေးခွင့် ရရှိစေမည်ဖြစ်ပါသည်။
ထို့အပြင် ပြည်ပမှ ပြပွဲသို့ တက်ရောက်မည့်သူများအတွက် ဟိုတယ်၌ ၃ ညတာ တည်းခိုနေထိုင်ခွင့်၊ နိုင်ငံအချို့အတွက် လေယာဉ်စရိတ်အချို့အား ပြန်လည်ထုတ်ပေးမည်ဖြစ်ပြီး B2B အစည်းအဝေးများနှင့် ညစာစားပွဲများသို့ တက်ရောက်နိုင်ရေးအတွက် ဖိတ်ကြားစာများရရှိနိုင်မည့် အခွင့်အရေးများ ရရှိစေမည်ဖြစ်ပါသည်။ ပြပွဲနှင့်ပက်သက်၍ http://iesshow.in/home/overseasbuyer တွင် စာရင်းပေးသွင်းရမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါကဖုန်း +91 98811583353၊ +91 9910445432, Email- [email protected] ၊ [email protected] တို့ကို ဆက်သွယ်နိုင်ပြီး http://www. iesshow.in/ တွင်လည်း ဝင်ရောက်ကြည်ရှုနိုင်ကြောင်း ဖိတ်ကြားစာတွင် ဖော်ပြပါရှိပါသည်။
သို့ဖြစ်ပါ၍ ပါဝင်တက်ရောက်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ၏ အချက်အလက်များအား မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၏ ဖုန်းနံပါတ်၊ ၀၆၇ - ၃၄၀၈၆၂၂ နှင့် Email: [email protected] တို့သို့ (ရုံးချိန်အတွင်း) နောက်ဆုံးထား၍ ဆက်သွယ်ပေးပို့နိုင်ပါကြောင်း သတင်းထုတ်ပြန်ထားပါသည်။
ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ
Event Details
- Date
- 4th to 6th March 2024
- Location
- အိန္ဒိယနိုင်ငံ၊ Coimbatore မြို့
- Website
- myantrade.gov.mm
More Events
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025