Events
(၆) ကြိမ်မြောက် Export Potential Exhibition of Iran (Iran Expo) ပွဲ
Updated At: 2024-01-30 15:35:18
အီရန်နိုင်ငံ၊ တီဟီရန်မြို့၌ (၆) ကြိမ်မြောက် Export Potential Exhibition of Iran (Iran Expo) ပွဲကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့မှ မေလ ၁ ရက်နေ့အထိ (၅) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ဖိတ်ကြားစာတွင်အီရန်သံရုံးမှတစ်ဆင့် အမည်စာရင်းပေးပို့လာသည့် စီးပွားရေး လုပ်ငန်းရှင်များအတွက် ၃ ရက် တည်းခိုနေထိုင်စားသောက်စရိတ်၊ ပြည်တွင်းသွားလာစရိတ်နှင့် စကားပြန်တို့ကိုပံ့ပိုးမည်ဖြစ်ကြောင်း၊ အသင်းများ၏ဥက္ကဋ္ဌများအတွက် အသွား/အပြန် လေယာဉ်လက်မှတ်များကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းနှင့် ကုန်စည်ပြပွဲနှင့်ပတ်သက်သည့် အချက်အလက်များကို irantsn.com/en တွင် ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း ဖော်ပြထားပါသည်။
ကုန်စည်ပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ အီးမေးလ် [email protected]၊ ဖုန်းနံပါတ် ၀၆၇-၄၀၈၆၂၂၊ ၀၆၇-၄၀၈၆၂၃ သို့ ၃၀-၁-၂၀၂၄ ရက်နေ့ (ရုံးချိန်အတွင်း) နောက်ဆုံးထား၍ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း သတင်းရရှိပါသည်။
ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ
Event Details
- Date
- 27th April to 1st May 2024
- Location
- အီရန်နိုင်ငံ၊ တီဟီရန်မြို့
- Website
- myantrade.gov.mm
More Events
Smart Farm Korea 2025 (SFKOREA 2025 ) ပြပွဲ ကျင်းပမည်
Date: 21st to 23rd May, 2025
FTCCI Experiential Tourism MICE Fair 2025 ပြပွဲ ကျင်းပမည်
Date: 26th to 27 th May, 2025
“အစိုးရ - ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ” ၏ (၁/၂၀၂၅) ကြိမ်မြောက်အစည်းအဝေး ကျင်းပခြင်း
Date: 28th January 2025