Events
ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ရှိ World Trade Center တွင် “Gulfood 2024” အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ( ၅ ) ရက်ကြာ ကျင်းပပြုလုပ်မည်
Updated At: 2023-12-06 12:51:15
ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ရှိ World Trade Center တွင် “Gulfood 2024” အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ပြပွဲသို့ နိုင်ငံပေါင်း ၁၂၇ နိုင်ငံမှ ထိပ်တန်းကုမ္ပဏီ ၅၅၀၀ ကျော်တို့မှ လာရောက်ပြသကြမည်ဖြစ်ပါသည်။ “Gulfood 2024” တွင် ပါဝင်ပြသခြင်းဖြင့် ကုန်သွယ်မှုသဘောတူညီချက်များရရှိနိုင်ခြင်း၊ F&B စနစ်ကို ဆန်းသစ်တီထွင်နိုင်ပြီး ရေရှည်တည်တံ့နိုင်ခြင်း၊ ထိပ်တန်းအမှတ်တံဆိပ် ထုတ်ကုန်များနှင့် ချိတ်ဆက်နိုင်ခြင်း၊ နိုင်ငံတကာအသိအမှတ်ပြု စားဖိုမှူးများ၏ ချက်ပြုတ်မှုများကို ကိုယ်တိုင်လေ့လာနိုင်ခြင်း၊ နောက်ဆုံးပေါ်ထုတ်ကုန်များကိ တွေ့ရှိနိုင်မည်ဖြစ်ပါသည်။
ကုန်စည်ပြပွဲသို့ ပါဝင်ပြသမည်ဆိုပါက Online မှ Registration ပြုလုပ်ရမည်ဖြစ်ပြီး Registration Fees 595 AED ကျသင့်မည်ဖြစ်ပါသည်။ Early Bird Registration Fees အဖြစ် ၆၀% သက်သာခွင့်ရရှိမည်ဖြစ်ပြီး ၂၄၅ AED ဖြင့် Registration ပြုလုပ်၍ ပါဝင်ပြသနိုင်မည်ဖြစ်ပါ သည်။
အဆိုပါပြပွဲသို့ “Gulfood 2024” ပြပွဲသို့ မြန်မာနိုင်ငံမှ သွားရောက်ပြသလိုသူများ အနေဖြင့် visit.gulfood.com တွင် Registration ပြုလုပ်၍ စာရင်းပေးသွင်းနိုင်ကြောင်း သတင်းရရှိပါသည်။
ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ
Event Details
- Date
- 19th to 23rd February 2024
- Location
- ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ရှိ World Trade Center
- Website
- myantrade.gov.mm
More Events
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025