Events
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် “Korea Import Fair – KIF 2024” ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ( ၃ ) ရက်ကြာ ကျင်းပပြုလုပ်မည်
Updated At: 2023-12-06 15:47:34

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိအစည်းအဝေးနှင့် ပြပွဲကျင်းပရေးစင်တာ (Convention & Exhibition Center – COEX) တွင် “Korea Import Fair – KIF 2024” ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါပြပွဲကျင်းပရသည့်ရည်ရွယ်ချက်မှာ ပြည်ပနိုင်ငံများမှထုတ်ကုန်များကို ကိုရီးယားနိုင်ငံရှိ သွင်းကုန်တင်သွင်းသူများနှင့် Korea Importers Association-KOIMA အဖွဲ့ဝင်ကုမ္ပဏီများအား မိတ်ဆက်ပေးရန် ရည်ရွယ်၍ကျင်းပခြင်းဖြစ်ပြီး KIF 2024 ပြပွဲသည် ၂၁ ကြိမ်မြောက်ပြပွဲဖြစ်ပါသည်။
ကုန်စည်ပြပွဲကို ကိုရီးယားနိုင်ငံကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာနမှ အကုန်အကျခံကျင်းပပေးသွားမည်ဖြစ်ပါသည်။ KIF ပြပွဲများသည် ပြည်ပထွက်ကုန်များကို တစ်နေရာတည်းတွင် ပြသနိုင်သည့်တစ်ခုတည်းသောပြပွဲဖြစ်သည့်အတွက် နိုင်ငံတွင်းရှိ သွင်းကုန်လုပ်ငန်းရှင်များကိုသာမက ပြည်သူများ၏စိတ်ဝင်စားမှုကိုပါ ဆွဲဆောင်နိုင်သည့်ပြပွဲတစ်ခုဖြစ်သည့် အပြင် ပြပွဲကာလအတွင်း ဆွေးနွေးပွဲများ၊ B2B ဆွေးနွေးပွဲများကိုပါ ကျင်းပသွားမည်ဖြစ်သည့် အတွက် မြန်မာနိုင်ငံမှပို့ကုန်ပစ္စည်းများ ကိုရီးယားဈေးကွက်အတွင်းဝင်ရောက်နိုင်ရန် ဖြစ်ပါသည်။
ပြပွဲတွင် ပြခန်းများပါဝင်ပြသနိုင်ရေးလျှောက်ထားမည်ဆိုပါက ( ၉ )စတုရန်းမီတာ အကျယ်အဝန်းရှိ ပြခန်း( ၁ )ခန်းလျင် အမေရိကန်ဒေါ်လာ ၃,၀၀၀ နှုန်းနှင့် (၃၆)စတုရန်းမီတာ အကျယ်အဝန်းရှိ ပြခန်းတည်ဆောက်ရန်နေရာအား အမေရိကန်ဒေါ်လာ ၁၀,၀၀၀ နှုန်းတို့ဖြင့် ကျသင့်မည်ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမတိုင်မီလျှောက်ထားသူများကို ၄၀ % လျှော့ဈေးဖြင့် လည်းကောင်း၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမတိုင်မီလျှောက်ထားသူများကို ၃၀ % လျှော့ဈေးဖြင့် လည်းကောင်း၊ ၂၀၂၄ ခုနှစ်၊ ဧပြီလမတိုင်မီလျှောက်ထားသူများကို ၂၀ % လျှော့ဈေးဖြင့် လည်းကောင်း ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် မြန်မာနိုင်ငံမှပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် အသေးစိတ်အချက်အလက်များကို Mrs. Rachel Hwang (Head of International Relations)၊ Email : [email protected] ၊ ဖုန်းနံပါတ်၊ +၈၂-၂-၇၉၂-၄၈၃၃၊ Mr. Minwoo Jeong (International Relations)၊ Email : [email protected] ၊ ဖုန်းနံပါတ်၊ +၈၂-၂-၆၆၇၇-၃၆၆၂ နှင့် Ms. Mingee Kim (International Relations)၊ Email: [email protected] ၊ ဖုန်းနံပါတ်၊ +၈၂-၂-၆၆၇၇-၃၆၆၄ တို့သို့ ဆက်သွယ်မေးမြန်းဆောင်ရွက်သွားနိုင်ပါကြောင်း သတင်းထုတ်ပြန်ထားပါသည်။
ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ
Event Details
- Date
- 4th to 6th July 2024
- Location
- တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့
- Website
- myantrade.gov.mm
More Events
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026
“73rd Bangkok Gems & Jewelry Fair BGJF 2026” သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည်
Date: ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ