Events
6th Myanmar Food Expo 2020
Updated At: 2020-01-30 09:54:55

“6th Myanmar Food Expo 2020" ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့ ထိ ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ မင်းနန္ဒာလမ်း၊ Myanmar Expo @ Fortune Plaza တွင် မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ကြီးမှူး၍ ကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျှက်ရှိ ကြောင်းသိရှိရပါသည်။ ပြပွဲကျင်းပခြင်းမှာ ပြည်တွင်းရှိစားသောက်ကုန် လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်တွင်း/ ပြည်ပမှ ထုတ်လုပ်သည့်စားသောက်ကုန်များအား တစ်စုတစ်စည်းတည်း နိုင်ငံတကာအဆင့်မီပြသနိုင်ရေး၊ လာရောက်ကြည့်ရှု့သော အများပြည်သူများအနေဖြင့် ပြည်တွင်းဖြစ်စားသောက်ကုန်များနှင့် ပြည်ပစားသောက်ကုန်များကို ပိုမိုသိရှိရင်းနှီးလာစေရေး၊ လုပ်ငန်းရှင်များအချင်းချင်း စီးပွားရေးဆက်သွယ်မှုရရှိနိုင်ရေးနှင့် စေျးကွက်များချဲ့ထွင်နိုင်စေရေး၊ စားသောက်ကုန်လေ့လာခြင်းဖြင့် ထုတ်လုပ်သောကုန်ပစ္စည်းများ၏ စံချိန်စံညွှန်းများ မြင့်မားလာစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ် ကြောင်းသိရှိရပါသည်။ ပြပွဲဆိုင်ရာအချက်အလက်များကို သိရှိလိုပါက ရန်ကုန်မြို့၊ မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဖုန်း 01-2314846/ 01-2300376 နှင့် Email; mfpea.office@gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးပါသည်။
Event Details
- Date
- Updating
- Location
- ရန်ကုမြို၊ Myanmar Expo @ Fortune Plaza
- Website
- www.myantrade.org
More Events
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025