Events
Myanmar Tea Festival and International Tea Symposium
Updated At: 2020-01-30 09:49:48
“Myanmar Tea Festival and International Tea Symposium” ကို စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ပံ့ပိုးကူညီမှု၊ မြန်မာနိုင်ငံလက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းတို့ ပူးပေါင်း၍ နိုင်ငံတကာအဆင့်မီ “Myanmar Tea Festival and International Tea Symposium” ပွဲအား ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၂၂ ရက်နေ့မှ ၂၃ ရက်နေ့ထိ Mandalay Convention Center (MCC) ခန်းမ၌ ကုန်စည်ပြပွဲကိုလည်းကောင်း၊ ကျင်းပမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့ထိ မန္တလေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ Symposium ကိုလည်းကောင်း စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်းသိရှိရပါသည်။
ယင်းကုန်စည်ပြပွဲတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ လက်ဖက်အစုအဖွဲ့များ ၊ လက်ဖက်သမိုင်းပြခန်းများ ၊ မြန်မာစားသောက်ကုန်ပြခန်းများ၊ နိုင်ငံတကာ စားသောက်ကုန်များ၊ အချက်အပြုတ်ပြိုင်ပွဲများ ပါဝင်ပြသမည်ဖြစ်ပြီး ယဉ်ကျေးမှုအကပဒေသာများဖြင့် ဖျော်ဖြေဧည့်ခံမည်ဖြစ်ကြောင်းသိရှိရပါသည် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့များ၌ International Tea Symposium စာတမ်းဖတ်ပွဲတွင် မြန်မာလက်ဖက်သမိုင်းကြောင်းကို အသိပညာရှင်၊ အတတ်ပညာရှင်များက တင်ပြဆွေးနွေးမည်ဖြစ်ပါသည်။ နိုင်ငံတကာမှ လက်ဖက်သုတေသနပညာရှင်များသည်အဆိုပါ Symposium ၌ စာတမ်းများလာရောက် ဖတ်ကြားမည်ဆိုပါက မြန်မာနိုင်ငံလက်ဖက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ တည်းခိုရန် စီစဉ်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
ပြပွဲဆိုင်ရာအချက်အလက်များ သိရှိလိုပါက မြန်မာနိုင်ငံလက်ဖက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း email:[email protected] သို့ဆက်သွယ်နိုင်ပါကြောင်း အကြောင်းကြားပါသည်။
Event Details
- Date
- Updating
- Location
- မန္တလေးမြို့၊ Mandalay Convention Center (MCC) ခန်းမ
- Website
- www.myantrade.org
More Events
“73rd Bangkok Gems & Jewelry Fair BGJF 2026” သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည်
Date: ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ