Events

9th World PetroCoal Congress- 2019 ကျင်းပမည်

Updated At: 2019-01-14 08:19:51

အိန္ဒိယနိုင်ငံ၊  Ministry of Petroleum and Natural Gas ၊ Ministry of Coal နှင့် Ministry of Power  တို့၏ အထောက်အပံ့ဖြင့် Energy and Environment Foundation မှ ကြီးမှူး၍ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ 9th World PetroCoal Congress – 2019 ကျင်းပမည်ဖြစ်ပါသည်။ အဆိုပါညီလာခံအတွင်း Indo-Myanmar Cooperation Session တစ်ခုကိုလည်း ပူးပေါင်းကျင်းပမည်ဖြစ်ပြီး သြစတြေးလျ၊ ကနေဒါ၊ ဂျာမနီ၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ စင်္ကာပူ၊ ဆော်ဒီအာရေဗျ၊ တောင်အာဖရိက၊ ဗြိတိန်နှင့် အမေရိကန်တို့မှ ကိုယ်စားလှယ်များလည်း တက်ရောက်မည် ဖြစ်ပါသည်။

အထက်ပါညီလာခံနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ နေပြည်တော်ဖုန်း၊ ၀၆၇-၄၃၀၄၄၆/၄၃၀၄၄၇၊ ဖက်(စ်) ၀၆၇-၄၃၀၁၂၈၊ email:[email protected] နှင့် မြန်မာကုန်သွယ်မှုဗဟိုဌာန (ရန်ကုန်) ဖုန်း၊ ၀၁-၂၅၄၀၂၄၊ email:[email protected] တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။