Events
မြန်မာ့လက်ဖက်ယဉ်ကျေးမှုပြခန်း တရုတ်နိုင်ငံတွင် ဖွင့်လှစ်
Updated At: 2019-01-22 05:20:31
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ရှိ မြန်မာ ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးတွင် မြန်မာ့လက်ဖက်ယဉ်ကျေးမှုပြခန်းဖွင့်ပွဲကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် ကျင်းပပြုလုပ်ရာ မြန်မာကောင်စစ်ဝန်ချုပ် ဦးစိုးသက်နောင်၊ ကုန်သွယ်ရေးကိုယ်စားလှယ် ဒေါက်တာသက်လွင်ဦး၊ Myanmar Tea Garden Group၊ အာဆီယံကောင်စစ် ဝန်ချုပ်ရုံးများ၊ ကွမ်ရှီးပြည်နယ်အစိုးရဌာနတာဝန်ရှိသူများ၊ ကုန်သည်လုပ်ငန်းရှင်များ တက်ရောက်သည်။
ဖွင့်ပွဲအခမ်းအနားတွင် မြန်မာကောင်စစ်ဝန်ချုပ် ဦးစိုးသက်နောင်မှ အဖွင့်နှုတ်ခွန်းဆက် စကားပြောကြားပြီး Myanmar Tea Garden Group မှ ဦးမောင်လွင်က မြန်မာ့လက်ဖက် ယဉ်ကျေးမှုနှင့် ထူးခြားချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် Myanmar Tea Garden Group နှင့် Shenzhen Commercial and Trade City တို့၏ မြန်မာ့လက်ဖက် တရုတ်နိုင်ငံစျေးကွက်သို့ ပုံမှန်တင်သွင်းဖြန့်ဖြူးရေး သဘောတူညီချက်ကို နှစ်ဘက်တာဝန်ခံများက လက်မှတ်ရေးထိုး လဲလှယ်ကြသည်။ ထို့နောက် မြန်မာကောင်စစ်ဝန်ချုပ်၊ ကုန်သွယ်ရေးကိုယ်စားလှယ်နှင့် Myanmar Tea Garden Group Managing Director ဦးမျိုးဝင်းအောင်တို့က မြန်မာ့လက်ဖက်ယဉ်ကျေးမှုပြခန်းကို ဖွင့်လှစ်ပေးပြီး ဧည့်သည်တော်များနှင့်အတူ ပြခန်း အတွင်း လှည့်လည်ကြည့်ရှု့အားပေးကြသည်။
မြန်မာ့လက်ဖက်ယဉ်ကျေးမှုပြခန်းကို မြန်မာကုန်သွယ်ရေးကိုယ်စားလှယ်ရုံး မြေညီထပ်တွင် Myanmar Tea Garden Group မှ ဖွင့်လှစ်ခြင်းဖြစ်သည်။ ဖွင့်ပွဲအခမ်းအနားသို့ တရုတ်နိုင်ငံ ပေကျင်း၊ ရှမ်းရှီး၊ ကွမ်ရှီး၊ ကွမ်တုံ၊ ဟိုင်နန်၊ ဟောင်ကောင်တို့မှ ကုန်သည်လုပ်ငန်းရှင် (၇၀) ခန့် တက်ရောက်ခဲ့ကြပြီး ဧည့်သည်တော်များအား မြန်မာ့လက်ဖက်သုတ်၊ လက်ဖက်ရည်ချို၊ ရေနွေးကြမ်းများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိပါသည်။
Event Details
- Date
- Updating
- Location
- တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ရှိ မြန်မာကုန်သွယ်ရေးကိုယ်စားလှယ်ရုံး
- Website
- www.myantrade.org
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026