Events
သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တွင် “အပြည်ပြည်ဆိုင်ရာ တွင်းထွက်ပစ္စည်းနှင့် သတ္တုဖိုရမ် (International Mineral and Mining Forum)” အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကျင်းပ ပြုလုပ်မည်
Updated At: 2023-11-15 11:53:57
သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တွင် “အပြည်ပြည်ဆိုင်ရာ တွင်းထွက်ပစ္စည်းနှင့် သတ္တုဖိုရမ် (International Mineral and Mining Forum)” ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါဖိုရမ်သည် သတ္တုနယ်ပယ်အတွင်းရှိ သတ္တုတူးဖော်ရေးလုပ်ငန်းစဉ်များ လုပ်ကိုင် လျက်ရှိသည့် နိုင်ငံတကာနှင့်ပြည်တွင်းကုမ္ပဏီများတို့ကို ဆွဲဆောင်နိုင်ရန် မျှော်မှန်းထားပါကြောင်း၊ နည်းပညာဆိုင်ရာ အစည်းအဝေးများ၊ ပြပွဲနှင့်စက်ရုံနေရာများသို့ သွားရောက်လည်ပတ်ခြင်းများ ပါဝင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် မလေးရှားနိုင်ငံ၊ Pahang ပြည်နယ်ရှိ မလေးရှားတက္ကသိုလ်မှ အကြီးတန်းကထိကနှင့်ဓာတုအင်ဂျင်နီယာဖြစ်သူ တွဲဖက်ပါမောက္ခ Dr. Anwaruddun Hisyam နှင့် အပြည်ပြည်ဆိုင်ရာသတ္တုကောင်စီ၏ ဥက္ကဋ္ဌနှင့်အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Rohitesh Dhawan တို့က ဧည့်သည်တော်ဆွေးနွေးပြောကြားသူ (Guest Speaker) အဖြစ် ပါဝင် တက်ရောက် သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံရပ်ခြားမှပါဝင်တက်ရောက်သူများအနေဖြင့် မျက်နှာစုံညီ အစည်းအဝေး (plenary session) နှင့် စက်မှုပြပွဲများတက်ရောက်ရန်အတွက် စရိတ်ပေးချေရန် မလိုအပ်ပါကြောင်း၊ အသေးစိတ်အချက်အလက်များနှင့် တည်းခိုနေထိုင်မှုတို့နှင့်ပတ်သက်၍ www.immf.lk တွင် ဝင်ရောက်ကြည့်ရှု၍ စာရင်းပေးသွင်းမှုများ ပြုလုပ်နိုင်ပါကြောင်း၊ စက်ရုံများသို့ သွားရောက်လည်ပတ်ခြင်းအတွက် နိုင်ငံရပ်ခြားမှ ပါဝင်တက်ရောက်မည့် ကိုယ်စားလှယ်များ အနေဖြင့် စရိတ်ကျခံရမည်ဖြစ်ပါကြောင်း ဖော်ပြထားပါသည်။
ဖိုရမ်သို့ ပါဝင်တက်ရောက်လိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ၏ အချက်အလက် များအား မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၏ ဖုန်းနံပါတ်၊ ၀၆၇ - ၃၄၀၈၆၂၂ နှင့် Email: [email protected] တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်ပေးပို့ နိုင်ပါကြောင်း သတင်းရရှိပါသည်။
(ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ)
Event Details
- Date
- January, 2024
- Location
- သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့
- Website
- https://myantrade.gov.mm
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026