Events
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့ရှိ Koh Pich Convention and Exhibition Center တွင် “(၁၆) ကြိမ်မြောက် ကမ္ဘောဒီးယား သွင်းကုန်/ ပို့ကုန် ကုန်စည်ပြပွဲ ၂၀၂၃” အား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ ( ၄ ) ရက်ကြာ ကျင်းပပြုလုပ်မည်
Updated At: 2023-11-03 10:30:39
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့ရှိ Koh Pich Convention and Exhibition Center ၌ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ (၁၆) ကြိမ်မြောက် ကမ္ဘောဒီးယား သွင်းကုန်/ ပို့ကုန် ကုန်စည်ပြပွဲ (16th Cambodian and Import-Export Goods Exhibition-CIEGE) ကို ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အလားတူကုန်စည်ပြပွဲဖြစ်သည့် (၁၅)ကြိမ်မြောက် ကမ္ဘောဒီးယား သွင်းကုန်/ပို့ကုန် ကုန်စည်ပြပွဲကို “Back to Business” ခေါင်းစဉ်ဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်း/ပြည်ပမှကုမ္ပဏီပေါင်း (၁၈၁)ခုတို့က ပြခန်းပေါင်း (၂၈၆)ခုကျော် ပါဝင်ပြသခဲ့ကြောင်း၊ ယခုကျင်းပမည့်ကုန်စည်ပြပွဲသည် ကမ္ဘောဒီးယားနိုင်ငံနှင့် နိုင်ငံတကာမှမိတ်ဖက်နိုင်ငံများအကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားနှင့်စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ပေးနိုင်မည့်စင်္ကြံတစ်ရပ်ဖြစ်ကြောင်း၊ ကုန်စည်ပြပွဲ၌ မြန်မာနိုင်ငံမှ ထုတ်ကုန်နှင့်ဝန်ဆောင်မှုများအား ပါဝင်ပြသနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ကုန်စည်ပြပွဲသို့တက်ရောက်ပြသမည့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအတွက် ပြခန်း ၂ ခန်းကို အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အသွား/အပြန်လေယာဉ်စရိတ်၊ တည်းခို နေထိုင်စားသောက်စရိတ်နှင့် သယ်ယူပို့ဆောင်မှုစရိတ်များအား မိမိအစီအစဉ်ဖြင့် ကျခံရမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ကမ္ဘောဒီးယား သွင်းကုန်/ ပို့ကုန် ကုန်စည်ပြပွဲသို့ ပါဝင်တက်ရောက်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အချက်အလက်များအား မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၏ ဖုန်းနံပါတ်၊ ၀၆၇-၃၄၀၈၆၂၂ နှင့် Email: [email protected] တို့သို့ (ရုံးချိန်အတွင်း) ဆက်သွယ်ပေးပို့နိုင်ပါကြောင်း သတင်းထုတ်ပြန်ထားပါသည်။
(ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ)
Event Details
- Date
- 15th to 18th December 2023
- Location
- ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့ရှိ Koh Pich Convention and Exhibition Center
- Website
- myantrade.gov.mm
More Events
Smart Farm Korea 2025 (SFKOREA 2025 ) ပြပွဲ ကျင်းပမည်
Date: 21st to 23rd May, 2025
FTCCI Experiential Tourism MICE Fair 2025 ပြပွဲ ကျင်းပမည်
Date: 26th to 27 th May, 2025
“အစိုးရ - ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ” ၏ (၁/၂၀၂၅) ကြိမ်မြောက်အစည်းအဝေး ကျင်းပခြင်း
Date: 28th January 2025