Events

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၊ Ba Dinh ခရိုင်ရှိ Thang Long သမိုင်းဝင်နေရာတွင် “၂၀၂၃ ခုနှစ်၊ ဗီယက်နမ်ရိုးရာလက်မှုပညာများ ထိန်းသိမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပွဲတော်” အား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ( ၄ ) ရက်ကြာ ကျင်းပပြုလုပ်မည်

Updated At: 2023-11-02 09:48:55

     ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၊ Ba Dinh ခရိုင်ရှိ Thang Long သမိုင်းဝင် နေရာတွင် ၂၀၂၃ ခုနှစ်၊ ဗီယက်နမ်ရိုးရာလက်မှုပညာများ ထိန်းသိမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပွဲတော်အား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

     အဆိုပါပွဲတော်အား ဗီယက်နမ်နိုင်ငံ၊ စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ယဉ်ကျေးမှုဖလှယ်မှုကိုမြှင့်တင်ရန်၊ နိုင်ငံများအကြား လက်မှုပညာဖွံ့ဖြိုးတိုးတက် ရေးတွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာနိုင်ငံများ၏ လက်မှုပညာပစ္စည်းများပါဝင်ပြသရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။

     ၂၀၂၃ ခုနှစ်၊ ဗီယက်နမ်ရိုးရာလက်မှုပညာများ ထိန်းသိမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပွဲတော်သို့ ပါဝင်တက်ရောက်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ၏ အချက်အလက်များအား မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၏ ဖုန်းနံပါတ်၊ ၀၆၇-၃၄၀၈၆၂၂ နှင့် Email: [email protected] တို့သို့ (ရုံးချိန်အတွင်း) ဆက်သွယ် ပေးပို့နိုင်ပါကြောင်း သတင်းထုတ်ပြန်ထားပါသည်။

 

(ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ)