Events
SOFI AWARD GOLD WINNER ကမ္ဘာ့အဆင့် စမူဆာ
Updated At: 2018-12-04 09:03:26
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် (၃) ရက်ကြာ ကျင်းပခဲ့သော SIAL Food Expo ၏ Innovation (Global Cuisine) ကဏ္ဍတွင် အိန္ဒိယနိုင်ငံမှ Ready made စမူဆာသည် ၂၀၁၈ ခုနှစ်၏ SOFI AWARD GOLD WINNER ဆုကို ရရှိခဲ့ပါသည်။
SOFI (Specialty Outstanding Food Innovation) AWARD ကို Specialty Food Association (SFA) မှ ၁၉၇၂ ခုနှစ်မှ စတင်ပေးအပ်ချီးမြှင့်ခဲ့ပြီး (၄၆) နှစ်ကြာခဲ့ပြီ ဖြစ်သည်။ SFA ကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၌ ၁၉၅၂ ခုနှစ်တွင် (nonprofit trade association) အဖြစ် စတင်တည်ထောင်ခဲ့ပြီး ယခုအခါ အမေရိကနှင့် ပြည်ပတွင်အဖွဲ့အစည်း (၃၆၀၀) အထိ ပူးပေါင်းဆောင်ရွက်လျှက်ရှိသည်။
ယခုနှစ်အတွက် SOFI AWARD ကို ကုမ္ပဏီအဖွဲ့အစည်း (၂၆၅၀) ကျော်မှဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး 2018 SOFI AWARDS HONOR အဖြစ် ကုမ္ပဏီ/ လုပ်ငန်း (၁၅၆) ခုကို ရွေးချယ် ခဲ့သည်။ SOFI AWARD ကို Gold, Silver, Bronze and Best New Product အဖြစ် အမျိုး အစားများ ခွဲခြားရွေးချယ်ပေးအပ်သည်။
မြန်မာနိုင်ငံမှ စွန့်ဦးတီထွင်လုပ်ငန်းရှင်များအနေဖြင့်လည်း အရည်အသွေးရှိ မြန်မာ့ရိုးရာ စားသောက်ကုန်များကို SOFI ပွဲကဲ့သို့ ကမ္ဘာ့အဆင့်ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် မြန်မာနိုင် ငံ၏ပုံရိပ်ကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်းနှင့် အိန္ဒိယစမူဆာကို နမူနာယူ၍ မိမိတို့အတွက် အခွင့် အရေးများစွာရှိပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
More Events
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026
“73rd Bangkok Gems & Jewelry Fair BGJF 2026” သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည်
Date: ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ