Events
အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၂၀-၂၀၂၅) အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ အကောင်အထည်ဖော်ရေးညှိနှိုင်းအစည်းအဝေးကျင်းပခြင်း
Updated At: 2023-10-04 00:49:59
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) အထည်အလိပ်နှင့်အဝတ်အထည်ကဏ္ဍ အကောင်အထည်ဖော်ရေးညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ အထည်အလိပ်နှင့်အဝတ်အထည်ကဏ္ဍ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင်များ စုစုပေါင်း (၂၅) ဦး တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာထိန်လင်းက ကဏ္ဍကော်မတီကို Update ပြုလုပ်ခြင်း၊ လုပ်ငန်းစီမံချက်များ အကောင်အထည်ဖော်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက်တက်ရောက်လာကြသူများက အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင်များကို ပြင်ဆင်/ဖြည့်စွက်ရန်၊ သက်ဆိုင်ရာဌာန/အသင်းအဖွဲ့များအလိုက် လုပ်ငန်းစီမံချက် (Plan of Actions – PoAs) ပါ လုပ်ငန်းစဉ်များအပေါ်တွင် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် CMP မှ FOB သို့ ကူးပြောင်းနိုင်ရေး ဆောင်ရွက်ရန်နှင့် ကဏ္ဍ၏ တန်ဖိုးကွင်းဆက်တစ်ခုလုံး တိုးတက်အောင် ဆောင်ရွက်သွားရန်၊ ကဏ္ဍအတွင်းရှိ အသင်းအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုများတွင် ဝန်ကြီးဌာနများမှ ပံ့ပိုးကူညီဆောင်ရွက်ပေးရန်၊ နိုင်ငံတကာကုန်စည်ပြပွဲများတွင် ပါဝင်ပြသနိုင်ရန်အတွက် သက်ဆိုင်ရာ အသင်းအဖွဲ့များကို ဖိတ်ကြားပေးရန်နှင့် စီးပွားရေးသံမှူးများနှင့် ချိတ်ဆက်ခြင်း၊ တွေ့ဆုံဆွေးနွေးခြင်းများပြုလုပ်လိုပါက စီစဉ်ပေးနိုင်သည့် အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နေ့လည် (၁၂:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026