Events
“အုန်းသီးတန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်းနည်းပညာပေးသင်တန်း” တတိယနေ့အစီအစဉ် ဆက်လက်ကျင်းပခြင်း။
Updated At: 2023-10-04 23:48:58

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ၂၀၂၃ ခုနှစ်၊ မေလမှ ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် “ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိသောထုတ်ကုန် (အုန်းသီး) တန်ဖိုးကွင်းဆက် တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းစီမံကိန်း”၏ လုပ်ငန်းအစီအစဉ်အရ “အုန်းသီးတန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်းနည်းပညာပေးသင်တန်း” တတိယနေ့သင်တန်းအစီအစဉ်များကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ သင်တန်းခန်းမတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် ဆက်လက်ကျင်းပခဲ့ပါသည်။
အဆိုပါသင်တန်းတတိယနေ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါနှင့် တာဝန်ရှိသူများ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးနှင့် တာဝန်ရှိသူများသည် သင်တန်းခန်းမသို့လာရောက်၍ သင်ကြားပို့ချနေမှုများကို ကြည့်ရှုလေ့လာခဲ့ကြပါသည်။ ထို့နောက်သင်တန်းနည်းပြများ၊ သင်တန်းသားများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
တတိယနေ့ သင်တန်းအစီအစဉ်တွင် သင်တန်းနည်းပြအဖြစ်ဆောင်ရွက်သော မြန်မာနိုင်ငံ အုန်းသီးစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်းမှ ဥက္ကဋ္ဌ ဒေါ်စမ်းစမ်းဟန်က အုန်းသီးနုအရည်နှင့် အုန်းစိမ်းအသားများကိုအခြေခံ၍ ကျောက်ကျောမှုန့်၊ သကြားတို့ဖြင့် ပေါင်းစပ်ပြီး အုန်းစိမ်းဂျယ်လီ ပြုလုပ်ခြင်း၊ အုန်းသီးချိုချဉ်နှင့် အုန်းသီး Gummy ချိုချဉ်ပြုလုပ်ခြင်းများကို စာတွေ့နှင့် သင်တန်းသားများ ကိုယ်တိုင်ပြုလုပ်နိုင်အောင် လက်တွေ့ သင်ကြားပေးခဲ့ပါသည်။
သင်တန်းဆင်းပွဲအစီအစဉ်ကို ၁၆:၀၀ နာရီအချိန်၌ ကျင်းပခဲ့ရာတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်နှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့က သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး သင်တန်းအစီအစဉ်ကို ၁၇:၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
More Events
AYUSH UTSAV 2025 ပြပွဲ ကျင်းပမည်
Date: 4th to 6th September, 2025
(၄) ကြိမ်မြောက် အာဖရိကဒေသကုန်သွယ်မှုပြပွဲ (Intra African Trade Fair-IATF 2025) ကျင်းပပြုလုပ်မည်
Date: 4th to 10th September, 2025
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026