Events
အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၂၀-၂၀၂၅) သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကဏ္ဍ အကောင်အထည်ဖော်ရေးညှိနှိုင်းအစည်းအဝေးကျင်းပခြင်း
Updated At: 2023-10-06 01:46:22
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကဏ္ဍ အကောင်အထည်ဖော်ရေးညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကဏ္ဍ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင်များ စုစုပေါင်း (၁၆) ဦး တက် ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ညွှန်ကြားရေးမှူး၊ ဒေါ်သန္တာခင်က ကဏ္ဍကော်မတီကို Update ပြုလုပ်ခြင်း၊ လုပ်ငန်းစီမံချက်များ အကောင်အထည်ဖော်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက်တက်ရောက်လာကြသူများက သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကဏ္ဍ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်များကို ပြင်ဆင်/ ဖြည့်စွက်ရန်၊ သက်ဆိုင်ရာ ဌာန/အသင်းအဖွဲ့များအလိုက် လုပ်ငန်းစီမံချက် (Plan of Actions – PoAs) ပါ လုပ်ငန်းစဉ်များအပေါ်တွင်ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် ကဏ္ဍ၏ကော်မတီဖွဲ့စည်းမိန့်တွင် ရာထူးနှင့် ဌာနအမည်များကိုသာ ထည့်သွင်းဖော်ပြရန်၊ တရုတ်နိုင်ငံကူမင်းမြို့တွင် နိုဝင်ဘာလ ၁၇ ရက်နေ့၌ကျင်းပမည့် မြန်မာ့သစ်သီးဝလံပြပွဲတွင် သစ်သီးဝလံအသင်းအဖွဲ့များ ပါဝင်ပြသနိုင်ရေး ဆောင်ရွက်ရန်၊ တရုတ်နိုင်ငံဈေးကွက်ကို ထိုးဖောက်နိုင်မည့် အမည်များကို ပါဝင်ပြသရန်နှင့် ကုန်စည်ပြပွဲတွင် ပါဝင်ပြသမည့် သီးနှံများအနက် GACC မရရှိသေးသာ သီးနှံအမည်များပြသခွင့်ရရှိရန်အတွက် သက်ဆိုင်ရာ ဌာန/ အသင်းအဖွဲ့များအကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်၊ တရုတ်နိုင်ငံဖက်သို့ GACC ရရှိရေး လျှောက်ထားရာတွင် ကုန်ကျမည့်စရိတ်များအတွက် သက်ဆိုင်ရာ ဌာန/အသင်းအဖွဲ့များက ညှိနှိုင်းအဖြေရှာ ဆောင်ရွက်သွားရန်စသည်တို့ကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နေ့လည် (၁၂:၀၀) နာရီအချိန် တွင် ရုပ်သိမ်းခဲ့ပါသည်။

More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026