Events
အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၂၀-၂၀၂၅) စားသောက်ကုန်ပြုပြင်ထုတ်လုပ်ခြင်းကဏ္ဍ အကောင်အထည်ဖော်ရေးညှိနှိုင်းအစည်းအဝေးကျင်းပခြင်း
Updated At: 2023-10-06 14:56:43
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) စားသောက်ကုန်ပြုပြင်ထုတ်လုပ်ခြင်းကဏ္ဍ အကောင်အထည်ဖော်ရေးညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၄) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ မဟာဗျူဟာကုန်သွယ်မှုမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ စားသောက်ကုန်ပြုပြင်ထုတ်လုပ်ခြင်းကဏ္ဍ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင်များ စုစုပေါင်း (၁၆) ဦး တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ၊ မဟာဗျူဟာကုန်သွယ်မှုမြှင့်တင်ရေး ဌာနခွဲမှ ညွှန်ကြားရေးမှူးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်သီတာဝင်းဌေးက ကဏ္ဍကော်မတီကို Update ပြုလုပ်ခြင်း၊ လုပ်ငန်းစီမံချက်များ အကောင်အထည်ဖော်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက်တက်ရောက်လာကြသူများက စားသောက်ကုန်ပြုပြင်ထုတ်လုပ်ခြင်းကဏ္ဍ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်များကို ပြင်ဆင်/ ဖြည့်စွက်ရန်၊ သက်ဆိုင်ရာ ဌာန/အသင်းအဖွဲ့များအလိုက် လုပ်ငန်းစီမံချက် (Plan of Actions – PoAs) ပါ လုပ်ငန်းစဉ်များအပေါ်တွင် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် ကဏ္ဍမှ ပြုလုပ်သည့်အစည်းအဝေးများတွင် ကော်မတီအဖွဲ့ဝင်များနှင့် ကဏ္ဍနှင့်သက်ဆိုင်သည့် ဌာန/အသင်းအဖွဲ့များမှ တာဝန်ရှိသူများအားလုံး ပါဝင်တက်ရောက်ရန်၊ အမျိုးသားပို့ကုန်မဟာဗျူဟာအောက်တွင် ဆောင်ရွက်နိုင်မှုအခြေအနေများကို သိရှိရန်အတွက် ဌာန/အဖွဲ့အစည်းများအကြား ချိတ်ဆက် ဆောင်ရွက်မှုရှိစေရန်၊ လုပ်ငန်းစီမံချက်တွင် ဖော်ပြထားသည့် မိတ်ဖက်အဖွဲ့အစည်းများတွင် ဝန်ကြီးဌာနများအစား သက်ဆိုင်သည့်ဌာနအမည်ကို သတ်မှတ်ဖော်ပြရန်၊ စားသောက်ကုန်ထုတ်လုပ်နိုင်သည့် သီးနှံများအလိုက် စိုက်ပျိုးဒေသ၊ စိုက်ပျိုးချိန်၊ ထွက်ရှိသည့် အမျိုးအစားများနှင့် အရည်အသွေးစသည်တို့ကို စားသောက်ကုန်ထုတ်လုပ်သူများ သိရှိစေရန်အတွက် သက်ဆိုင်ရာဌာနနှင့် အသင်းအဖွဲ့တို့အကြား ဆက်သွယ်ဆောင်ရွက်ကြရန်၊ စားသောက်ကုန်များ အရည်အသွေးသတ်မှတ်စစ်ဆေးမှုများ အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေးနှင့် အစားအစာဘေးကင်းရေးထိန်းချုပ်မှုစနစ် (Food Safety Control System) တည်ဆောက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာန/ အသင်းအဖွဲ့များက ပူးပေါင်း ဆောင်ရွက်ကြရန် စသည်တို့ကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နေ့လည် (၁၂:၁၅) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

More Events
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026
“73rd Bangkok Gems & Jewelry Fair BGJF 2026” သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည်
Date: ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ