Events

အက်ခ်မက်-ကိုရီးယားစီမံကိန်း၏ ပဉ္စမအကြိမ်သင်တန်းအစီအစဉ်ဖြစ်သည့် “အုန်းလက်မှုအနု ပညာသင်တန်း” ဖွင့်လှစ်ခြင်း။

Updated At: 2023-12-10 00:59:38

          အက်ခ်မက်-ကိုရီးယားစီမံကိန်းပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေဖြင့် ၂၀၂၃ ခုနှစ်၊ မေလမှ ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ ဆောင်ရွက်လျက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာ ရှိသောထုတ်ကုန် (အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းစီမံကိန်းမှ ပဉ္စမအကြိမ်အကြိမ်သင်တန်းအစီအစဉ်ဖြစ်သည့် “အုန်းလက်မှုအနုပညာသင်တန်း” ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ဖွင့်လှစ်ခဲ့ပါသည်။

          သင်တန်းတွင် အုန်းခွံနှင့် စွန့်ပစ်အုန်းခွံများကိုအသုံးပြု၍ အုန်းအခြေခံလက်မှုအနုပညာ ထုတ်ကုန်များဖြစ်သည့် စားပွဲတင်ပန်းအိုး၊ ဘုရားမီးအိမ်၊ ခန်းဆီးလိုက်ကာနှင့် ဆွဲကြိုး၊ သော့ချိတ်၊ နားကပ်စသည့် အလှဆင်ပစ္စည်းများ၊ အမှတ်တရပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများကို ဈေးကွက်တွင်ရောင်းချနိုင်သည်အထိ ပြုလုပ်နိုင်အောင် ပြည်တွင်းကျွမ်းကျင်ပညာရှင်များက စာတွေ့နှင့် စက်ကိရိယာများအသုံးပြု၍ လက်တွေ့ပြုလုပ်စေပြီး သင်ကြားပို့ချပေးမည်ဖြစ်ပါ သည်။

              သင်တန်းကို ၂၀၂၃ ခုနှစ်၊  ဒီဇင်ဘာလ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ (၄) ရက်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး စုစုပေါင်း သင်တန်းသား (၁၅) ဦးတက်ရောက်ကြမည် ဖြစ်ပါသည်။

 

                                                                                                                              မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့