Events
အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၂၀-၂၀၂၅) ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ အကောင်အထည်ဖော်ရေးညှိနှိုင်းအစည်းအဝေးကျင်းပခြင်း
Updated At: 2023-10-13 23:04:46
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ၏ ဦးစားပေးကဏ္ဍတစ်ခုဖြစ်သည့် ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ အကောင်အထည်ဖော်ရေးညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်နေ့၊ ညနေ (၁၅:၀၀) နာရီတွင် မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း၊ သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှု ကဏ္ဍ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်များ စုစုပေါင်း (၂၇) ဦး တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါကအဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ဒုတိယညွှန်ကြားရေးမှူး၊ဒေါ်သီတာဝင်းဌေးက ကဏ္ဍကော်မတီကို Update ပြုလုပ်ခြင်း၊ လုပ်ငန်းစီမံချက်များ အကောင်အထည်ဖော်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက်တက်ရောက်လာကြသူများက ထောက်ပံ့ပို့ ဆောင်ရေးဝန်ဆောင်မှုကဏ္ဍ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်များကို ပြင်ဆင်/ ဖြည့်စွက်ရန်၊ သက်ဆိုင်ရာ ဌာန/အသင်းအဖွဲ့များအလိုက် လုပ်ငန်းစီမံချက် (Plan of Actions – PoAs) ပါ လုပ်ငန်းစဉ်များအပေါ်တွင် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် ဆိုက်ဘာလုံခြုံရေးဥပဒေ (Cyber Security Law) မူကြမ်းကို အတည်ပြုပြဌာန်းနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ရန်၊ IT ဝန်ဆောင်မှုလုပ်ငန်းများအတွက် ကျွမ်းကျင်မှုစံချိန်စံညွှန်းများကို ရေးဆွဲရာတွင် ပုဂ္ဂလိကကဏ္ဍက ပိုမိုပူးပေါင်းပါဝင်ရန်၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍအနေဖြင့် ရေရှည်တွင် ပို့ကုန်အဖြစ်ဆောင်ရွက်နိုင်မည့် လုပ်ငန်းများကို အဓိကဦးတည်ချက်ထား ဆောင်ရွက်သွားရန်၊ ကဏ္ဍအတွင်းရှိ လုပ်ငန်းငယ်လေးများ (Startups) ဖွံ့ဖြိုးတိုးတက်စေရေးအတွက် Startup Accelerating Programme များ ဆောင်ရွက်ပေးရန်၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍမှ ရရှိသော ပို့ကုန်/သွင်းကုန် ကုန်သွယ်မှုဆိုင်ရာ စာရင်းအင်းအချက်အလက်များကို တရားဝင်ထုတ်ပြန်ရန်အတွက် အချက်အလက်များ ရရှိနိုင်ရန်နှင့် Classification Code အတည်ပြုရရှိနိုင်ရေး အစိုးရ-ပုဂ္ဂလိက အဖွဲ့အစည်းများက ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် နေပြည်တော်၌ကျင်းပမည့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ နှစ်ပတ်လည်ပွဲကာလအတွင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရေး စီစဉ်ဆောင်ရွက်ရန် စသည်တို့ကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နေ့လည် (၁၂:၄၀) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026