Events
အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၂၀-၂၀၂၅) တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင်ဆောင်ရွက်ခြင်း ကဏ္ဍ အကောင်အထည်ဖော်ရေးညှိနှိုင်းအစည်းအဝေးကျင်းပခြင်း
Updated At: 2023-10-14 00:01:30
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ၏ ဦးစားပေးကဏ္ဍတစ်ခုဖြစ်သည့် တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင်ဆောင်ရွက်ခြင်းကဏ္ဍ အကောင်အထည်ဖော်ရေ းညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင်ဆောင်ရွက်ခြင်းကဏ္ဍ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်များ စုစုပေါင်း (၃၁) ဦး တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီတာဝင်းဌေးက ကဏ္ဍကော်မတီကို Update ပြုလုပ်ခြင်း၊ လုပ်ငန်းစီမံချက်များ အကောင်အထည်ဖော်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက်တက်ရောက်လာကြသူများက အရည်အသွေးစီမံ ခန့်ခွဲမှုကဏ္ဍ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်များကို ပြင်ဆင်/ ဖြည့်စွက်ရန်၊ သက်ဆိုင်ရာ ဌာန/အသင်းအဖွဲ့များအလိုက် လုပ်ငန်းစီမံချက် (Plan of Actions – PoAs) ပါ လုပ်ငန်းစဉ်များ အပေါ်တွင် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။
ထို့အပြင် လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် သုတေသနနှင့် ဖွံ့ဖြိုးရေးလိုအပ်ချက်များဆိုင်ရာ လုပ်ဆောင်ရန်လိုအပ်မှုဆန်းစစ်ချက်ပြုလုပ်ရန် အစီရင်ခံစာတစ်စောင်ရေးသားထုတ်ဝေဖြန့်ချိရန်နှင့် ပတ်သက်၍ အစိုးရ-ပုဂ္ဂလိကအဖွဲ့အစည်းများ တွေ့ဆုံညှိနှိုင်းဆွေးနွေးပြီး တာဝန်ခွဲဝေသတ်မှတ် ဆောင်ရွက်ရန်၊ တီထွင်ဖန်တီးမှုဆိုင်ရာ အလုပ်သင်အစီအစဉ်အတွက် တက္ကသိုလ်များ (စီးပွားရေး၊ ကွန်ပျူတာနှင့် စက်မှု) က အစိုးရ-ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ဦးစားပေး ပြည်ပပို့ကုန်ကဏ္ဍများရှိ တီထွင်ဖန်တီးနိုင်မှုဆိုင်ရာလုပ်ငန်းများနှင့် အခွင့်အလမ်းများအကြောင်း အသိပညာပေးစည်းဝေးပွဲများပြုလုပ်ရာတွင် အမျိုးသားပို့ကုန်မဟာဗျူဟာကို အထောက်အကူပြုနိုင်မည့် ကဏ္ဍများကို ရွေးချယ်ဆောင်ရွက်ရန်၊ PoA ပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရန်အတွက် အစိုးရဌာနများမှ နိုင်ငံတော်ဘတ်ဂျက်တွင် လျာထားတင်ပြရယူဆောင်ရွက်ခြင်းအပြင် ပုဂ္ဂလိကကဏ္ဍမှလည်း ရန်ပုံငွေထည့်ဝင်နိုင်မှုရှိပါက ထည့်ဝင်သွားရန်၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများမှ Resource Person နှင့် Resource Sharing များ ထည့်ဝင်ဆောင်ရွက်နိုင်ရန်၊ PoA ပါ လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်နိုင်သည့်ကာလနှင့် အကောင်အထည်ဖော်နိုင်မှု အတိုင်းအတာများအရ ဆောင်ရွက်သွားရန်၊ သုတေသနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနက ဆွေးနွေးတင်ပြခဲ့သည့် PoA ပါ အကောင်အထည်ဖော် ဆောင်ရွက်ပြီးသည့် လုပ်ငန်းစဉ်များအား ကော်မတီအဖွဲ့ဝင်များသို့ ဖြန့်ဝေသွားရန်၊ သုတေသနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနကဦးဆောင်၍ PoA ကို ပြုပြင်ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်မှုလုပ်ငန်းစဉ်များအတွက် သီးခြားအစည်းအဝေး ခေါ်ယူသွားရန်စသည်တို့ကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နေ့လည် (၁၂:၄၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026