Events
အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၂၀-၂၀၂၅) ဆန်နှင့်ဆန်ထွက်ပစ္စည်းကဏ္ဍ အကောင်အထည်ဖော်ရေးညှိနှိုင်းအစည်းအဝေးကျင်းပခြင်း
Updated At: 2023-09-25 21:20:00
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ဆန်နှင့် ဆန်ထွက်ပစ္စည်းကဏ္ဍ အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နော်မူတာကပေါ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များမှ ဆန်နှင့် ဆန်ထွက်ပစ္စည်းကဏ္ဍ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင်များ စုစုပေါင်း (၂၄) ဦး တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နော်မူတာကပေါက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာထိန်လင်းက လုပ်ငန်းစီမံချက်များ အကောင်အထည်ဖော်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက်တက်ရောက်လာကြသူများက ဆန်နှင့် ဆန်ထွက်ပစ္စည်းကဏ္ဍ ပို့ကုန် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို Update ပြုလုပ်ရန်၊ သက်ဆိုင်ရာဌာနများအလိုက် လုပ်ငန်းစီမံချက် (Plan of Actions – PoAs) ပါလုပ်ငန်းစဉ်များအပေါ်တွင် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များတွင် ထပ်မံထည့်သွင်းလိုသည့် လုပ်ငန်းစဉ်များစသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် ဆန်နှင့် ဆန်ထွက်ပစ္စည်းကဏ္ဍပို့ကုန် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌမှ ဦးဆောင်အစည်းအဝေးခေါ်ယူပြီး ကဏ္ဍ၏ လုပ်ငန်းစီမံချက်တွင် ပြင်ဆင်ထည့်သွင်းလိုသည့် အချက်များကိုဆွေးနွေး၍ စုစည်းပေးပို့သွားရန်နှင့် PoAs ပါလုပ်ငန်းစဉ်များအလိုက် ဦးဆောင်အကောင်အထည်ဖော်သည့် ဌာန/အဖွဲ့အစည်းများက အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေများကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သို့ လစဉ်ပေးပို့ပေးရန်တို့ကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နေ့လည် (၁၂:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026